• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမသုံးလပတ် တရုတ် နိုင်ငံခြားသို့ရင်းနှီးမြှုပ်နှံမှု ပမာဏ ဆက်လက် တိုးတက်

(GMT+08:00) 2018-04-09 15:43:18

မကြာခင်က တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ဦးစီးဌာနမှ အရာရှိတစ်ဦးသည် ၂၀၁၈ခုနှစ်တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြား၌ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေကောင်းမွန်ကြောင်း၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ နိုင်ငံခြား၌ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် လွန်ခဲ့သည့် နှစ်အလားတူအချိန်ပိုင်းထက် ၂၅.၂၄ရာခိုင်နှုန်းတိုး၍ ၄လဆက်တိုက် တိုးတက်ခဲ့ကြောင်း၊ ၂၀၁၈ခုနှစ် ပထမသုံးလပတ်တွင် နိုင်ငံခြား၏ရင်းနှီးမြှုပ်နှံမှု ပမာဏ ဆက်လက် တိုးတက်လာကြောင်း၊ လုပ်ငန်းဖွဲ့စည်းပုံအခြေအနေတစ်ဆင့်တိုး ကောင်းမွန်လာပြီး အရည်အသွေးနှင့် အကျိုးအမြတ် တိုးမြင့်လာကြောင်း ပြောကြားခဲ့သည်ဟု တရုတ်စီးပွားရေး နေ့စဉ်သတင်းစာမှ သတင်းအရ သိရပါသည်။

   Webradio