• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှ မီဒီယာ ဖိုရမ် ထိပ်သီး အစည်းအဝေး ကျင်းပ

(GMT+08:00) 2018-04-09 14:34:43

 

"အာရှ မီဒီယာများ ပူးပေါင်းဆောင်ရွက်ရေး ခေတ်ကာလသစ်-အပြန်အလှန် ဆက်သွယ်ရေးနှင့် ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေး"ဟူသော ဆောင်ပုဒ်ကို ထားသော အာရှ မီဒီယာ ဖိုရမ် ထိပ်သီး အစည်းအဝေးကို ယခုလ ၉ရက်နေ့က ပိုအော် အာရှ ဖိုရမ် ၂၀၁၈ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ကျင်းပစဉ် အတွင်း တရုတ်ပြည် ဟိုင်နန်ပြည်နယ် စန်းယာ့မြို့တွင် ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ တရုတ် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဟွမ်ခွန်းမင်သည် ဖိုရမ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရာတွင် "ဆန်းသစ်တီထွင်ရေး စိတ်ဓါတ်ကို ပြန့်ပွားစေရေးနှင့် အာရှ စည်ပင်သာယာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို လက်တွဲ တွန်းအားပေးရေး"ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။

   Webradio