• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည်၊ ကုလအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2018-04-09 14:33:20

      တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည်၊ ယခုလ ၈ ရက်နေ့က တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ တရုတ်ပြည်တွင် တရားဝင် ခရီးလှည့်လည်နေ သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု ဆင်ဟွာ သတင်းအရသိရသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌၊ လီခေ့ချန်က လက်ရှိကမ္ဘာ့စီးပွားရေးသည်၊ နာလန်ပြန်ထူလာနေ သော်လည်း ခိုင်မာသောအခြေခံမရှိကြောင်း၊ ဤသည်နှင့်တချိန်ထဲတွင် တစ်ဖက်သတ်ဝါဒ နှင့် ကုန်သွယ်မှုကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒများသည်လည်း ဦးမော့လာနေပြီး၊ နိုင်ငံတကာ အခြေအနေမတည်မငြိမ်ဖြစ်မှုနှင့် မရေရာမှုများ ထင်ရှားနေသေးကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး လီခေ့ချန်က တရုတ်-ကုလသမဂ္ဂ ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ကို တန်ဖိုးထားချီးကျူးခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio