• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၏ အီလက်ထရွန်ဆက်သွယ်ရေးလုပ်ငန်း၏ပမာဏမှာ ယွမ်ငွေ သန်း ၁၈၅၀ရှိ

(GMT+08:00) 2018-04-09 13:57:44

စက်မှုနှင့်ဆက်သွယ်ရေးလုပ်ငန်းဝန်ကြီးဌါနဒုဝန်ကြီး လောဝင်သည် ယခုလ ၈ရက်နေ့က ရှင်ကျင့်မြို့၌ ကျင်းပသော ပြည်လုံးဆိုင်ရာ အီလက်ထရွန်ဆက်သွယ်ရေး လုပ်ငန်းနှီးနှောဖလှယ်ပွဲ၌ မိန့်ခွန်းပြောကြားခဲ့ရာတွင် ၂၀၁၇ခုနှစ်က တရုတ်ပြည်တွင် အီလက်ထရွန်ဆက်သွယ်ရေးလုပ်ငန်းပမာဏမှာ တရုတ်ယွမ်ငွေ ဘီလီယံ ၁၈၅၀၀ရှိပြီး ဟန်းဖုန်း၊ ကွန်ပြူတာနှင့် ရုပ်မြင်သံကြားထုတ်လုပ်မှုပမာဏမှာ ကမ္ဘာပေါ်တွင် ပထမနေရာတွင်တည်ရှိပြီး ဆက်သွယ်ရေးစက်ကိရိယာနှင့် အင်တာနက်စသော နယ်ပယ်များတွင် ကမ္ဘာ့ရှေ့ပြေးလုပ်ငန်းကုမ္ပဏီများ ပေါ်ထွက်လာကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု စီးပွားရေးနေ့စဉ်သတင်းစာ၏ သတင်းအရသိရပါသည်။

   Webradio