• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ ကုလအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2018-04-09 13:07:47

      တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည်၊ ယခုလ ၈ ရက်နေ့က ပီကင်းပြည်သူ့ ခန်းမဆောင်ကြီးတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌၊ ရှီကျင့်ဖိန်က ပိုအော်အာရှဖိုရမ် နှစ်ပတ်လည်အစည်းအဝေးသို့ ဂူတာရက်စ်တက်ရောက်ခြင်းအပေါ် ကြိုဆိုပါကြောင်းဖေါ်ပြသည်။ ရှီကျင့်ဖိန်က ယခုနှစ်များ အတွင်း နိုင်ငံတကာ အခြေအနေ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ၊ ကိစ္စကြီးငယ် များနှင့် ရင်ဆိုင်နေရပြီး၊ မိမိတို့အနေနှင့်၊ နိုင်ငံတကာစီမံခန့်ခွဲရေးကို အဆက်မပြတ် တွန်းအားပေးပြီး၊ ပြည့်စုံစေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရှီကျင့်ဖိန်က ကုလသမဂ္ဂမှ ပါဝင်သည့် အခန်းကဏ္ဍအပေါ် အားပေး ထောက်ခံရေး၊ ကုလသမဂ္ဂ၏ သြဇာအရှိန်နှင့်အဆင့်နေရာကို ထိန်းသိမ်းကာကွယ်ရေးမှာ တရုတ်ပြည်၏ နိုင်ငံခြားရေးအခြေခံမူဝါဒတစ်ရပ်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု သတင်း အရသိရသည်။

 

   Webradio