• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်၏ ကုန်သွယ်မှု ဗိုလ်ကျစိုးမိုးရေး မူဝါဒသည် နိုင်ငံတကာ စာချုပ်များကို ချေဖျက်နေ

(GMT+08:00) 2018-04-09 12:11:22

တရုတ် ဆင်ဟွာသတင်းဌာနသည် ယခုလ ၈ ရက်နေ့က အမေရိကန်၏ ကုန်သွယ်မှု ဗိုလ်ကျစိုးမိုးရေး မူဝါဒသည် နိုင်ငံတကာ စာချုပ်များကို ချေဖျက်နေသည် ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ်ကို ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယင်းဆောင်ပါးတွင်၊ မကြာမီက အမေရိကန် အစိုးရသည် "၃၀၁ စုံစမ်းစစ်ဆေးမှု" အရ အခွန် တိုးကောက်ရန် တရုတ်ကုန်ပစ္စည်း စာရင်းဇယား အဆိုပြုချက်ကို တင်ပြ ခဲ့သည့် အပြင် တစ်ဆင့်တိုး အခွန် တိုးကောက်မည်ဟုလည်း ခြိမ်းခြောက် ပြောဆို ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းသို့သော တစ်ဖက်သတ်ဝါဒနှင့် ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွါး ကာကွယ်မှုလုပ်ရပ်ကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ အမေရိကန်၏ ယင်း လုပ်ရပ်သည် WTO မူများနှင့် စိတ်ဓါတ်ကို ကျောခိုင်း ဖေါက်ဖျက်ပြီး နိုင်ငံတကာ ကုန်သွယ်မှု စာချုပ်များအပေါ် ပြင်းပြင်းထန်ထန် နင်းချေရာ ကျကာ လက်ရှိ နိုင်ငံစုံ ကုန်သွယ်ရေး စည်းစနစ်အပေါ် ပြောင်ပြောင်တင်းတင်း ရန်စခြင်းလည်း ဖြစ်ကြောင်း ရေးသားဖေါ်ပြထားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio