• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ

(GMT+08:00) 2018-04-09 10:56:00

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယမန်နေ့ ၈ ရက်နေ့က ဘေကျင်း၌ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဗီဗီအန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ဝမ်ယိက တရုတ်-စင်ကာပူနှစ်ဖက်တို့သည် ကုန်သွယ်မှုကိုယ်ကျိုးစီးပွားကာကွယ်ရေး ဝါဒ ဦးမော့လာခြင်းကို လက်တွဲရင်ဆိုင်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို အမြုတေထား သော တစ်ကမ္ဘာလုံးကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းကာကွယ်သင့်ကြောင်း ပြောကြားသည်။

ဗီဗီအန်က စင်ကာပူဘက်သည် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွားကာကွယ်ရေး လုပ်ရပ်ကို ဆန့်ကျင်ကြောင်း၊ တစ်ကမ္ဘာလုံး လွတ်လပ်စွာကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းကာကွယ် နိုင်ရန်မျှော်လင့်ကြောင်းပြောကြားသည်။

   Webradio