• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် စင်ကာပူဝန်ကြီးချုပ်လီရှမ်လွန်းနှင့်တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-04-09 10:54:41

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် ယမန်နေ့ ၈ ရက်နေ့ ညနေပိုင်း က တျောက်ယွီထိုင်နိုင်ငံတော်ဧည့်ဂေဟာ၌ တရုတ်ပြည်သို့ အလုပ်ကိစ္စဖြင့် အလည်အပတ် ရောက်ရှိလာသော စင်ကာပူဝန်ကြီးချုပ်လီရှမ်လွန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

လီခေ့ချန်က လက်ရှိအချိန်တွင် တရုတ်-စင်ကာပူဆက်ဆံရေး ဆက်တိုက်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ပြီး နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှု အဆက်မပြတ် တိုးချဲ့လာကြောင်း၊ တရုတ်နိုင်ငံအနေနှင့် စင်ကာပူနိုင်ငံနှင့်အတူ နိုင်ငံရေးအပြန်အလှန် ယုံကြည်မှုကို တဆင့်တိုး ခိုင်မာစေပြီး နိုင်ငံတကာနှင့်ဒေသရေးရာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးကာ နှစ်ဖက်ဆက်ဆံရေးနှင့် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများ အဆင့်သစ်သို့ တက်လှမ်းရန် တွန်းအားပေးလိုကြောင်း ပြောကြားသည်။

လီရှမ်လွန်းက စင်ကာပူ-တရုတ်ဆက်ဆံရေး ချစ်ကြည်ရင်းနှီးပြီး စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမှ အောင်ကျိုးရလဒ် များပြားကြောင်း၊ စင်ကာပူအနေနှင့် တရုတ်နိုင်ငံ နှင့်အတူ Belt & Road အပါအဝင် ဖွံ့ဖြိုးရေးကမ်းလှမ်းချက်ဆိုင်ရာ ဆက်သွယ်မှုကို အားသစ် လောင်းပေးလိုပြီး အပြန်အလှန်ဆက်သွယ်ရေးတည်ဆောက်မှုကို တိုးမြှင့်ကာ တတိယဘက်ဈေးကွက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေး၍ ဒေသ တွင်း ဖွံ့ဖြိုးတိုးတက်မှုကို အတူတိုးမြှင့်လိုကြောင်းပြောကြားသည်။

   Webradio