• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထရန့်အစိုးရ၊ ဆက်လက် တင်ဆက်ပြသပါ

(GMT+08:00) 2018-04-07 20:44:51

နယူးယောက် အစုရှယ်ယာဈေးကွက်၏ ကိန်းညွှန်း၃ခုစလုံးသည် ယခုလ ၆ရက်နေ့ ဈေးပိတ်ချိန်က ၂ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း၊ ယင်းကိန်းညွှန်း၃ခုအနက် Dow Jonesကိန်းညွှန်းသည် ပွိုင့်၇၀၀ကျော် ကျဆင်းခဲ့ဖူးကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထရန့်အစိုးရက နောက်ထပ် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ တန်ဖိုးရှိသော တရုတ်ကုန်ပစ္စည်းများအပေါ် အခွန် တိုးကောက်ရန် စဉ်းစားနေသည်ဟု ဖော်ပြကြောင်း၊ ယင်း"တင်ဆက်ပြသမှု"သည် ရင်းနှီးမြှုပ်နှံသူများ၏ ထိတ်လန့်မှုကို အရှိန်မြှင့်လာကြောင်း၊ reality show၏ တင်ဆက်ဖျော်ဖြေသူ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ထရန့် အိမ်ဖြူတော်တွင် ဝင်ရောက်ခဲ့သော်လည်း ၄င်း၏ တင်ဆက်ဖျော်ဖြေမှု စတိုင်သည် ပြောင်းလဲမှု မရှိကြောင်း၊ ပြီးခဲ့သည့် တစ်နှစ်ကျော် အတွင်း ၄င်းသည် သမ္မတ အဆင့်မြင့် အကြံပေး အရာရှိ Steve Bannon၊ ပြည်ထောင်စု စုံစမ်းလေ့လာရေး ဗျူရို(FBI) ဒါရိုက်တာ James Comeyနှင့် နိုင်ငံခြားရေး ဝန်ကြီး တီလာစွန်စသည်များ၏ ရာထူးကို ရှေ့ဆင့်နောက်ဆင့် ထုတ်ပယ်ပစ်ခဲ့ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

ထရန့်သည် အမေရိကန် ပြည်တွင်း မကဘဲ ကမ္ဘာဇာတ်ခုံပေါ်တွင်လည်း တင်ဆက် ပြသနေကြောင်း၊ ၄င်း သမ္မတ အဖြစ် တာဝန် စတင် ထမ်းဆောင်ခဲ့သည့်နောက်ပိုင်းတွင် အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနသည် တင်သွင်းသော သံနှင့်သံမဏိနှင့် အလူမီနီယမ် ထုတ်ကုန်ပစ္စည်းများ အပေါ် ၂၃၂စုံစမ်းစစ်ဆေးမှုကို ပြုလုပ်ပြီး ၄င်း၏ မဟာမိတ်အဖွဲ့ဝင်များနှင့် ချုပ်ဆိုခဲ့သည့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ် များကို ပြင်ဆင်ခဲ့ကြောင်း၊ ၄င်းမဟာမိတ်အဖွဲ့ဝင်များတွင် တောင်ကိုးရီးယား၊ ဥရောပ သမဂ္ဂ၊ ဂျပန်၊ အာဂျင်တီးနားနှင့် မက္ကဆီစသည်များ ပါဝင်ကြောင်း သိရသည်။

ယခုအကြိမ် ထရန့် အစိုးရ ပြုလုပ်သော တရုတ်ပြည်ကို ရည်စူးသည့် ၃၀၁စုံစမ်း စစ်ဆေးမှု၏ ရည်ရွယ်ချက်မှာ တရုတ်ပြည်၏ "ထုတ်လုပ်မှု ၂၀၂၅" စီမံကိန်း အပေါ် ထိန်းချုပ်ဟန့်တားရန်ပင် ဖြစ်ကြောင်း၊ ထရန့်အစိုးရသည် ၄င်း၏ရည်ရွယ်ချက်ကို ဖုံးကွယ်တိမ်ဝှက်မှု မရှိကြောင်း၊ တရုတ် အနေနှင့် ထရန့်၏ ၄င်းယုတ္တိမတန်သော လုပ်ရပ်အပေါ် တုံ့ပြန်တိုက်ခိုက်မှု ပြုလုပ်ပြီး အဆုံးတိုင်အောင် တုံ့ပြန်တိုက်ခိုက်မည်ဟု အကြိမ်ပေါင်းများစွာ ဖော်ပြခဲ့ကြောင်း ရေးသားဖော်ပြသည်။

သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည့် တစ်နှစ်ကျော် အတွင်း ထရန့်သည် သမ္မတ ရွေးကောက်ပွဲ ကျင်းပစဉ် အတွင်း ၄င်းနှင့် ရုရှား၏ ချိတ်ဆက်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို တလျှောက်လုံး ခံရကြောင်း၊ အခွန်လျှော့ချရေး ဥပဒေ ကျင့်သုံးခြင်းကြောင့် အမေရိကန်၏ နိုင်ငံတော်ကြွေးမြီ ပမာဏမှာ  အမေရိကန် ဒေါ်လာ ဘီလီယံ ၂၁၀၀၀ ကျော်ရှိပြီး ၄င်းကိန်းဂဏန်းသည် အရှိန်မြင့် တိုးပွားနိုင်ဖွယ်ရာလည်း ရှိကြောင်း၊ အမေရိကန်၏ နိုင်ငံတော် ကြွေးမြီ တိုးပွားခြင်းသည် အမေရိကန် ဒေါ်လာ၏ ကတိသစ္စာနှင့် ဂုဏ်အရေကို ထိခိုက်စေလိမ့်မည် ဖြစ်ကြောင်း၊ ကမ္ဘာ့ငွေကြေးဖြစ်သည့် အမေရိကန် ဒေါ်လာ၏ အဆင့်နေရာ မတည်မငြိမ် ဖြစ်လာခြင်းကို အမေရိကန် အနေနှင့် လက်မခံနိုင်ကြောင်း ရေးသားဖော်ပြသည်။

ယခု အမေရိကန် နိုင်ငံသည် ညင်ညင်သာသာ ဆောင်ရွက်ရန် လိုကြောင်း၊ ၄င်းသည် အလုပ်တွင်ကျယ်မှု တိုးမြှင့်ရန် ကြိုးပမ်းဆောင်ရွက်ပြီး တရားမျှတစွာ ယှဉ်ပြိုင်မှု နည်းလမ်းဖြင့် ကမ္ဘာ့ပြည်သူများ အတွက် ပိုမိုကောင်းမွန်သည့် ဝန်းဆောင်မှုပေး သင့်ကြောင်း၊ ဒီလိုဆိုရင် အမေရိကန် နိုင်ငံ အတွက်ရော၊ အခြားနိုင်ငံများ အတွက်ပါ အကျိုးရှိမည်ဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံ အသီးသီးမှ ကုန်သွယ်ရေး ဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးကို ဆန့်ကျင်ပြီး ဂလိုဘယ်လိုင်ဇေးရှင်းကို အစွမ်းကုန် တွန်းအားပေးခြင်းနှင့် ကိုက်ညီကြောင်း ရေးသားဖော်ပြသည်။

ဝမ်းနည်းဖွယ်ရာကောင်းသည်မှာ အမေရိကန်သည် လမ်းမှားပေါ်တွင် တက်လှမ်း နေကြောင်း၊ ဥပမာ ပြောရလျှင် တရုတ်ပြည် အဆင့်မြင့် သိပ္ပံနည်းပညာ နယ်ပယ်သို့ ရှေ့ရှုချီတက်ရာတွင် အမေရိကန်သည် တရုတ်ပြည်နှင့် လက်တွဲ ချီတက်သည် မဟုတ်ဘဲ လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ ၄င်း၏ စူပါပါဝါ အဆင့်နေရာကို အသုံပြုပြီး ကုန်သွယ်မှု အထစ်အငေါ့၊ ဒီထက်မကဘဲ ကုန်သွယ်မှု စစ်ပွဲဖြင့် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားရန် ကြံစည်နေကြောင်း၊ သို့သော် ကမ္ဘာ့ ဆန်းသစ်တီထွင်ရေး စင်တာ အရှေ့တိုင်းသို့၊ တရုတ်ပြည်သို့ ပြောင်းရွှေ့နေသော ရှေ့အလားအလာသည် ပြောင်းလဲ မည်မဟုတ်ကြောင်း၊ လိုအပ်မှုသည် တီထွင်ဆန်းသစ်မှုကို တွန်းအားပေးကြောင်း၊ လွန်ခဲ့သည့် နှစ်များတွင် တရုတ်ပြည်သည် ကမ္ဘာပေါ်၌ ပညာမူပိုင်ခွင့် လျှောက်ထားခြင်း ပမာဏ အများဆုံးသော နိုင်ငံ ဆက်တိုက်ဖြစ်ကြောင်း၊ ပိုမိုများပြားသည့် ဆန်းသစ်တီထွင်မှု အကျိုးရလဒ်များသည် တရုတ်ပြည်တွင် အဆက်မပြတ် ပေါ်ထွက်လာမည် ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

ထရန့်အစိုးရ၊ ဆက်လက် တင်ဆက်ပြသပါ။

   Webradio