• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်က နောက်ထပ် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ တန်ဖိုးရှိ တရုတ် ကုန်ပစ္စည်း အပေါ် အခွန်ကောက် စာရင်းဇယားကို ထုတ်ပြန်ပါက တရုတ် နိုင်ငံသည် အင်အားကြီး တုံ့ပြန် တိုက်ခိုက်မည်ဟု ကောဖုန်း ဆို

(GMT+08:00) 2018-04-06 21:59:37

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောဖုန်းက၊ အမေရိကန်သည် နောက်ထပ် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ တန်ဖိုးရှိ တရုတ် ကုန်ပစ္စည်း အပေါ် အခွန်ကောက်ရန် စာရင်းဇယားကို ထုတ်ပြန်ပါက တရုတ် နိုင်ငံသည် တွေဝေမှု မရှိဘဲ အမြန်ဆုံး အင်အားကြီး တုံ့ပြန် တိုက်ခိုက်မှု ပြုလုပ်မည် ဖြစ်ကြောင်း ယခုလ ၆ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ယခု လောလောဆယ်တွင် တရုတ်နှင့် အမေရိကန်တို့သည် ကုန်သွယ်ရေး အငြင်းပွါးမှုနှင့် ပတ်သက်ပြီး စေ့စပ်ဆွေးနွေးမှု ပြုလုပ်နေသည် ဟူသော အမေရိကန် အဆင့်မြင့် အရာရှိ တစ်ဦး၏ ပြောဆိုချက်ကို ကောဖုန်းက ငြင်းဆိုခဲ့သည်။ ကောဖုန်းက၊ အချိန်ပိုင်း တစ်ပိုင်း အတွင်း နှစ်ဖက် ဘဏ္ဍာရေး အရာရှိများသည် စီးပွါးကုန်သွယ်ရေး ပြဿနာနှင့် ပတ်သက်ပြီး စေ့စပ်ဆွေးနွေးပွဲ တစ်စုံတစ်ခု ပြုလုပ်ခြင်း မရှိကြောင်း၊ အမေရိကန်သည် "၃၀၁ စုံစမ်းစစ်ဆေးမှု" အစီရင်ခံစာနှင့် အခွန်ကောက်ရန် တရုတ် ကုန်ပစ္စည်း စာရင်း ဇယား အဆိုပြုချက်ကို ထုတ်ပြန်ခဲ့ပြီးနောက် တရုတ်နိုင်ငံသည် ပြတ်ပြတ်သားသား တုံ့ပြန် ဆောင်ရွက် ခဲ့ကြောင်း၊ အမေရိကန်က နောက်ထပ် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ တန်ဖိုးရှိ တရုတ် ကုန်ပစ္စည်း အပေါ် အခွန်ကောက်နိုင်ရန်ကို တင်ပြခဲ့ပြီးနောက် တရုတ်နိုင်ငံသည် ပိုမို ပြတ်သားစွာ တုံ့ပြန် ခဲ့ကြောင်း၊ ယင်းကဲ့သို့သော အခြေအနေတွင် နှစ်ဖက်တို့သည် စေ့စပ်ဆွေးနွေးမှု တစ်စုံတစ်ခု ပြုလုပ်နိုင်ဖွယ် ပိုမရှိကြောင်း ရှင်းလင်း ပြောကြားပါသည်။

ကောဖုန်းက၊ တရုတ်နိုင်ငံသည် အမေရိကန်၏ တစ်ဆင့်တိုး ဆောင်ရွက်မှု ပြုလုပ်ရန်ကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး အသေးစိတ် တုံ့ပြန် ဆောင်ရွက်မှုများကိုလည်း စီစဉ်ထားပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio