• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထရန့်၏ အခွန်ကောက် အကြမ်းဖက်မှုကို တရုတ် ကြောက်မည် မဟုတ်

(GMT+08:00) 2018-04-06 17:44:16

ယခုလ ၅ ရက်နေ့တွင် အမေရိကန် သမ္မတ ထရန့်သည် ကြေညာချက် ထုတ်ပြန်ပြီး၊ အမေရိကန် ကုန်သွယ်မှု ကိုယ်စားလှယ်ရုံး အနေနှင့် "၃၀၁ စုံစမ်းစစ်ဆေးမှု" အရ နောက်ထပ် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ တန်ဖိုးရှိ တရုတ် ကုန်ပစ္စည်းအပေါ် အခွန် တိုးကောက်ရန် သင့်လျော် မသင့်လျော် ကိစ္စကို စဉ်းစားရန် ညွှန်ကြားသည်ဟု ဖေါ်ပြခဲ့သည်။

သို့သော် ယင်းကြေညာချက် ထုတ်ပြီးပြီးချင်း အိမ်ဖြူတော်မှ အရာရှိက၊ ထရန့် ပြောသည့် ဒေါ်လာ ဘီလီယံ ၁၀၀ သည် အခွန် စုစုပေါင်း ပမာဏ မဟုတ်ဘဲ သွင်းကုန်၏ တန်ဖိုး ဖြစ်သည်ဟု အကူအညီပေး ရှင်းပြခဲ့သည်။ အမေရိကန် ကုန်သွယ်မှု ကိုယ်စားလှယ် ထရိုက်ဇီကလည်း ကိုယ့်တစ်ဦးချင်း ကြေညာချက်ကို ချက်ချင်း ထုတ်ပြန်ပြီး၊ နောက်ထပ် အခွန် ကောက်မည် ဆိုသည်မှာ တစ်စုံတစ်ခု ချက်ချင်း အာဏာတည်မည် မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

အရေးယူ ဆောင်ရွက်မှုသည် အခြားနိုင်ငံ၏ ဖွံ့ဖြိုးမှု မဟာဗျူဟာကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ အမေရိကန် ထုတ်ပြန်သော စာရင်းဇယားကို ကြည့်ခြင်းအားဖြင့် အမေရိကန်၏ အဓိက ရည်ရွယ်ချက်သည် ကုန်သွယ်ရေး မညီမျှမှု ပြဿနာ ဖြေရှင်းရန်အတွက်သာ မကဘဲ အဓိကအားဖြင့် တရုတ်ပြည်၏ အဆင့်မြင့် နည်းပညာ လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ "တရုတ် ကုန်ထုတ်လုပ်မှု ၂၀၂၅" မဟာဗျူဟာ ရည်မှန်းချက်ကို တိုက်ဖျက်ရန် ဖြစ်သည်။ "တရုတ် ကုန်ထုတ်လုပ်မှု ၂၀၂၅" ရည်မှန်းချက်သည် ကုန်သွယ်ရေး စစ်ပွဲကြောင့် ရပ်စဲမည် မဟုတ်ပေ။ ထရန့်အစိုးရ၏ ရည်ရွယ်ချက်မှာ ရှုံးနိမ့်ရမည်ပင် သေချာသည်။

အမေရိကန်၏ ကြေညာချက်ကို ရည်စူးပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနက၊ တရုတ်နိုင်ငံသည် နောက်ဆုံးအထိ အစွမ်းကုန် ပြတ်ပြတ်သားသား တုံ့ပြန် ဆောင်ရွက်မည် ဖြစ်ကြောင်း ဖေါ်ပြခဲ့ကြပါသည်။ ယင်းသည် တရုတ်-အမေရိကန် ကုန်သွယ်ရေး အငြင်းပွါးမှုတွင် တရုတ်ပြည်၏ ယုံကြည်စိတ်နှင့် သတ္တိကို ပြသသည့်အပြင်၊ တစ်ချိန်တည်းတွင်၊ ထရန့်အစိုးရက ဇွတ်အတင်း တရုတ်ပြည်ကို ပြိုင်ဘက် အဖြစ် ထားပါက တရုတ်နိုင်ငံသည် အခွန်ကောက် အကြမ်းဖက်မှု အပါအဝင် မည်သည့် ခြိမ်းခြောက်မှု မဆို ကြောက်မည် မဟုတ်ဟုလည်း ထရန့်အစိုးရအား သတိပေးနေပါသည်။

   Webradio