• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် တရုတ်ကုန်ပစ္စည်းအပေါ် နောက်ထပ် အခွန် ကောက်ယူနိုင်ဖွယ်ရာ အကြောင်း လူခမ်း ပြောကြား

(GMT+08:00) 2018-04-06 14:34:13

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ တရုတ်-အမေရိကန် စီးပွါးကုန်သွယ်ရေး ပြဿနာ အပေါ် တရုတ်နိုင်ငံသည် ကုန်သွယ်မှု စစ်ပွဲ မပြုလုပ် လိုသော်လည်း ပြုလုပ်ရန်ကို ကြောက်မည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးကို ဆက်လက် တိုးချဲ့ ဆောင်ရွက်မည် ဖြစ်ပြီး နိုင်ငံစုံ ကုန်သွယ်ရေး စနစ်ကို ဆက်လက် ထိန်းသိမ်းမည် ဖြစ်ကာ၊ နိုင်ငံတကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်ရေးနှင့် အဆင်ပြေစေရေးကို တွန်းအား ပေးမည် ဖြစ်ကြောင်း ယခုလ ၆ ရက်နေ့က သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ပြောကြားပါသည်။

   Webradio