• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန် စီးပွါးရေး အငြင်းပွါးမှုသည် အမေရိကန်က စတင် လုပ်ဆောင်ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံသည် ပြတ်ပြတ်သားသား တုံ့ပြန်မည်ဟု တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဆို

(GMT+08:00) 2018-04-06 14:33:52

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက၊ အမေရိကန်သည် တရုတ်ပြည်ဘက်နှင့် နိုင်ငံတကာ မိသားစုကြီး၏ ကန့်ကွက်မှုကို လျစ်လျူရှုပြီး တစ်ဖက်သတ် ဝါဒနှင့် ကုန်သွယ်မှု ကိုယ်ကျိုး စီးပွါး ကာကွယ်ခြင်းကို စွဲကိုင် ပါက၊ တရုတ် နိုင်ငံသည် နောက်ဆုံးအထိ ပြတ်ပြတ်သားသား အစွမ်းကုန် တုံ့ပြန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တုံ့ပြန် ဆောင်ရွက်မှုသစ်များကို ပြုလုပ်ပြီး နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွါးကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း ယခုလ ၆ ရက်နေ့က ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူက၊ ယခုအကြိမ် အငြင်းပွါးမှုသည် အမေရိကန်ဘက်က စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အမှန်အားဖြင့် အမေရိကန်၏ တစ်ဖက်သတ်ဝါဒက နိုင်ငံတကာ နိုင်ငံစုံ ဝါဒ အပေါ် ရန်စခြင်းနှင့် အမေရိကန်၏ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေးဝါဒက နိုင်ငံတကာ လွတ်လပ်စွာ ကုန်သွယ်မှုအပေါ် ရန်စခြင်း ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio