• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်၏ "၃၀၁ စုံစမ်းစစ်ဆေးမှု" အရ တရုတ် ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ယူရန်မှာ တရုတ် အဆင့်မြင့်နည်းပညာ လုပ်ငန်းကို တိုက်ဖျက်ရန် ရည်ရွယ်ထားသည်

(GMT+08:00) 2018-04-06 08:58:56

အမေရိကန်၏ "၃၀၁ စုံစမ်းစစ်ဆေးမှု" အရ တရုတ် ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ယူရန် စာရင်းဇယား အဆိုပြုချက်ကို ထုတ်ပြန်ခဲ့ပြီးနောက် တရုတ်နိုင်ငံသည် တုံ့ပြန်ဆောင်ရွက်မှုများကို ချက်ချင်း ပြုလုပ်ခဲ့ပါသည်။

တရုတ် မက္ကရို စီးပွါးရေး သုတေသနအသင်း နိုင်ငံခြား စီးပွါးရေး သုတေသနဌာန ဌာနမှူး ယဲ့ဖူကျင် အပါအဝင် တရုတ်ကျွမ်းကျင်ပညာရှင်များက၊ အမေရိကန်၏ လုပ်ရပ်သည် "တရုတ် ကုန်ထုတ်လုပ်မှု ၂၀၂၅"ကို ရည်စူးခြင်း ဖြစ်ပြီး အဓိကအားဖြင့် တရုတ်ပြည်၏ ကုန်ထုတ်လုပ်မှု အဆင့်မြှင့်တင်ရေးအပေါ် အထောက်အကူ ပြုနေသော စက်ယန္တရားနှင့် အီလက်တရွန် ကုန်ပစ္စည်းများကို တိုက်ဖျက်လိုခြင်း ဖြစ်ကြောင်း၊ အမေရိကန်၏ ရည်ရွယ်ချက်မှာ တရုတ်ပြည်၏ အဆင့်မြင့် နည်းပညာ လုပ်ငန်းကို တိုက်ဖျက်ရန် ဖြစ်ကြောင်း ယခုလ ၅ ရက်နေ့က ပီကင်း၌ သုံးသပ် ပြောကြားခဲ့ကြပါသည်။

   Webradio