• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် တန်းတူရည်တူ တိုင်ပင်ဆွေးနွေး၊ အပြန်အလှန် လေးစားသော အခြေခံပေါ်တွင် အငြင်းပွါးမှုကို ဖြေရှင်းလိုဟု တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဆို

(GMT+08:00) 2018-04-05 09:19:36

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဝမ်ရှိုဝင်က၊ လက်ရှိ တရုတ်-အမေရိကန် ကုန်သွယ်ရေး အငြင်းပွါးမှုနှင့် ပတ်သက်ပြီး၊ အမေရိကန်ဘက်က တိုင်ပင်ဆွေးနွေးလိုပါက တရုတ်နိုင်ငံသည် တန်းတူရည်တူ တိုင်ပင်ဆွေးနွေး၊ အပြန်အလှန် လေးစားသော အခြေခံပေါ်တွင် တိုင်ပင်ဆွေးနွေးသောနည်းလမ်းဖြင့် အငြင်းပွါးမှုကို ဖြေရှင်းလိုကြောင်း ယခုလ ၄ ရက်နေ့က ပီကင်း၌ ပြောကြားပါသည်။

၎င်းက၊ တရုတ်နိုင်ငံသည် "ကုန်သွယ်မှု စစ်ပွဲ" ပြုလုပ်ရန် ဆန္ဒ မရှိကြောင်း၊ "ကုန်သွယ်မှု စစ်ပွဲ"တွင် အောင်ဘက်ရှိမည် မဟုတ်ကြောင်း၊ သို့သော် တရုတ်နိုင်ငံသည် "ကုန်သွယ်မှု စစ်ပွဲ" ပြုလုပ်ရန် ကြောက်မည် မဟုတ်ကြောင်း၊ တစ်ဦးဦးက "ကုန်သွယ်မှု စစ်ပွဲ" ပြုလုပ်ရန် စွဲကိုင်ပါက တရုတ်ပြည်ဘက်သည် နောက်ဆုံးအထိ ဆင်နွှဲသွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio