• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်၏ "၃၀၁ စုံစမ်းစစ်ဆေးမှု" အရ တရုတ် ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ယူရန် အဆိုပြုချက်နှင့် ပတ်သက်ပြီး WTO အငြင်းပွါးမှု ဖြေရှင်းရေး အစီအစဉ် တရုတ် စတင် ဆောင်ရွက်

(GMT+08:00) 2018-04-05 09:01:42

ယခုလ ၄ ရက်နေ့တွင် တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက၊ အမေရိကန်၏ "၃၀၁ စုံစမ်းစစ်ဆေးမှု" အရ တရုတ် ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ယူရန် အဆိုပြုချက်နှင့် ပတ်သက်ပြီး တရုတ်ပြည်ဘက်သည် WTO အငြင်းပွါးမှု ဖြေရှင်းရေး စနစ်အရ တိုင်ပင်ဆွေးနွေးရန် ၄ ရက်နေ့တွင် တင်ပြပြီ ဖြစ်ပြီး WTO အငြင်းပွါးမှု ဖြေရှင်းရေး အစီအစဉ်ကို တရားဝင် စတင် ဆောင်ရွက်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက၊ တရုတ်နိုင်ငံသည် နိုင်ငံစုံ ကုန်သွယ်ရေးစနစ်တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သူ၊ ပြတ်သားစွာ ထောက်ခံသူနှင့် အရေးကြီး အကျိုးပြု စွမ်းဆောင်သူ ဖြစ်ပြီး WTO အငြင်းပွါးမှု ဖြေရှင်းရေး အဖွဲ့သည် အငြင်းပွါးမှုကို အဖြစ်မှန်အတိုင်း တရားမျှတစွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ယုံကြည်ပြီး မျှော်လင့်ပါကြောင်း ပြောကြားပါသည်။

   Webradio