• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နှင့် ဇင်ဘာဘွေသမ္မတ တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-04-04 14:39:20

ယခုလ ၃ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်က ပီကင်းမြို့သို့ အလည်အပတ် ရောက်ရှိလာသော ဇင်ဘာဘွေ သမ္မတ မနန်ဂါဂဝါနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် တရုတ်-ဇင်ဘာဘွေဆက်ဆံမှုကို ဘက်စုံ မဟာဗျူဟာမိတ်ဘက်ဆက်ဆံမှုအဖြစ် တိုးမြှင့်သတ်မှတ်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း၊ ထိုနေ့တွင် တရုတ်-ဇင်ဘာဘွေနှစ်နိုင်ငံတို့သည် စီးပွားရေးနည်းပညာ၊ လယ်ယာစိုက်ပျိုးရေး၊ သိပ္ပံနည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်စသည့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှု စာတမ်းများကိုလည်း ချုပ်ဆိုခဲ့ကြကြောင်း၊ ဇင်ဘာဘွေနိုင်ငံသည် တရုတ်နိုင်ငံသားများအား ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio