• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည်၊ မြောက်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2018-04-04 14:08:07

      တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်၊ ယခုလ ၃ ရက်နေ့က ပီကင်းတွင် မြောက်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယုန်ဟို နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌ ဝမ်ယိက မကြာမီရက်များက ကော်မတီ ဥက္ကဋ္ဌ ကင်ဂျုံအန်သည်၊ တရုတ်ပြည်တွင် အောင်မြင်စွာ ခရီးလှည့်လည်ခဲ့ပြီး၊ အထွေထွေ အတွင်းရေးမှူးရှီကျင့်ဖိန်နှင့်၊ ကော်မတီ ဥက္ကဋ္ဌ ကင်ဂျုံအန်တို့သည်၊ တရုတ်-မြောက် ကိုးရီးယားဆက်ဆံမှုနှင့် ကိုးရီးယားကျွန်းဆွယ်နျူကလီးယားပြဿနာငြိမ်းချမ်းစွာ ဖြေရှင်း ဏေရေးနှင့် စပ်လျဉ်း၍ အရေးကြီးသဘောတူညီမှုများရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ရီယုန်ဟိုက မြောက်ကိုးရီးယားအနေနှင့် ကိုးရီးယားကျွန်းဆွယ်ဆိုင်ရာပြဿနာများ နှင့် စပ်လျဉ်း၍ တရုတ်နှင့် ရင်းနှီးစွာ  မဟာဗျူဟာမြောက် တိုင်ပင်ဆွေးနွေးလိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio