• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် နိုင်ငံတကာ သိပ္ပံပညာ စီမံကိန်းကြီးများနှင့် သိပ္ပံပညာ လုပ်ငန်းစဉ်ကြီးများကို စည်းရုံးမည်

(GMT+08:00) 2018-04-04 12:36:49

တရုတ် နိုင်ငံတော်ကောင်စီက မကြာမီက ထုတ်ပြန်သော နိုင်ငံတကာ သိပ္ပံပညာ စီမံကိန်းကြီးများနှင့် သိပ္ပံပညာ လုပ်ငန်းစဉ်ကြီးများကို တက်ကြွစွာ ဦးစည်း စည်းရုံးရေး အဆိုပြုချက်တွင်၊ ယခုရာစု အလယ်ပိုင်းတွင် နိုင်ငံတကာ သြဇာညောင်းမှုရှိသည့် အရေးကြီး သိပံ္ပပညာ သုတေသန အောင်ကျိုးရလဒ်များ ရရှိအောင် ဆောင်ရွက်ရမည်ဟု ရေးသား ဖေါ်ပြထားပါသည်။

တရုတ် သိပံ္ပနည်းပညာ ဝန်ကြီးဌာန နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ယဲ့တုန်းပိုင်က၊ တရုတ်နိုင်ငံသည် အတူ တိုင်ပင် အတူ တည်ဆောက် အထူ မျှဝေခံစားရေးမူနှင့်အညီ တစ်ကမ္ဘာလုံးဆိုင်ရာ သိပ္ပံပညာ ခဲရာခက်ဆစ်များ ဖြေရှင်းရန် အတွက် တရုတ်ဥာဏ်ကောင်းများ၊ တရုတ် အဆိုပြုချက်များကို တင်ပြမည် ဖြစ်ပြီး နိုင်ငံတကာ ယဉ်ကျေးမှု ဖွံ့ဖြိုးရေးအတွက် အကျိုးပြု စွမ်းဆောင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio