• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပဉ္စမအကြိမ်တရုတ်ယူနန်-မြန်မာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှ သဘောတူညီချက်များစွာ ရရှိ

(GMT+08:00) 2018-04-04 11:17:04

ပဉ္စမအကြိမ် တရုတ်ယူနန်-မြန်မာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ယမန်နေ့ ၃ ရက်နေ့ က ကူမင်းမြို့၌ ကျင်းပပြီးစီးခဲ့သည်။ ယခုအကြိမ်ဖိုရမ်တွင် တရုတ်-မြန်မာမော်တော်ကား သယ်ယူပို့ဆောင်ရေးသဘောတူစာချုပ်၊ လမ်ဆန်-မဲခေါင်မြစ်နိုင်ငံတကာ ရေကြောင်း သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု စသည့် သဘောတူညီချက်များစွာကို ရရှိခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

ဖိုရမ်အပြီးတွင် ယူနန်ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးကျန်ကိုဟွာ နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန်ဦးမြင့်သူတို့သည် ပဉ္စမအကြိမ်တရုတ်ယူနန်- မြန်မာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှတ်တမ်းကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

   Webradio