• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်၏ အခွန်ကောက်ယူရန် တရုတ်ကုန်ပစ္စည်း စာရင်းဇယား အဆိုပြုချက် ထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး WTO ဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ် ကြေညာချက် ထုတ်ပြန်

(GMT+08:00) 2018-04-04 09:40:45

ဒေသစံတော်ချိန် ယခုလ ၄ ရက်နေ့ နံနက် လင်းအားကြီး အချိန်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ သံအမတ်ကြီး ကျမ်းရှမ့်ချင်သည် အမေရိကန်က "၃၀၁ စုံစမ်းစစ်ဆေးမှု" အရ အခွန်ကောက်ယူရန် တရုတ် ကုန်ပစ္စည်း စာရင်းဇယား အဆိုပြုချက် ထုတ်ပြန်ခဲ့ခြင်း ကိစ္စနှင့် ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယင်းကြေညာချက်တွင်၊ အမေရိကန်၏ "၃၀၁ စုံစမ်းစစ်ဆေးမှု" အစီရင်ခံစာသည် အဖြစ်မှန်များ အမှားမှားအယွင်းယွင်းဖြစ်အောင် လျှောက်ပြောပြီး တရုတ်ပြည်အား အထောက်အထားမဲ့ ပြစ်တင်ရှုတ်ချကာ စံတင်လောက်သော တစ်ဖက်သတ်ဝါဒနှင့် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါးကာကွယ်ခြင်းလုပ်ရပ် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ တရုတ်နိုင်ငံသည် လိုအပ်သော ဆောင်ရွက်မှု မှန်သမျှကို ပြုလုပ်မည် ဖြစ်ပြီး ကိုယ့်နိုင်ငံ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွါးကို ပြတ်ပြတ်သားသား ကာကွယ်မည် ဖြစ်ကြောင်း၊ အမေရိကန်၏ လုပ်ရပ်သည် WTO ၏ အခြေခံကို ပြင်းထန်စွာ ထိခိုက်ပြီး နိုင်ငံစုံ ကုန်သွယ်မှုကို မကြုံစဖူးသော အန္တရာယ်နှင့် ကြုံတွေ့စေနေကြောင်း ပြောကြားပါသည်။

   Webradio