• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်၏ အခွန်ကောက်ယူရန် တရုတ်ကုန်ပစ္စည်း စာရင်းဇယား အဆိုပြုချက် ထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောကြား

(GMT+08:00) 2018-04-04 09:33:31

အမေရိကန် ကုန်သွယ်မှု ကိုယ်စားလှယ်ရုံးမှ မကြာသေးမီက ထုတ်ပြန်ခဲ့သော "၃၀၁ စုံစမ်းစစ်ဆေးမှု" အရ အခွန်ကောက်ယူရန် တရုတ် ကုန်ပစ္စည်း စာရင်းဇယား အဆိုပြုချက်နှင့် ပတ်သက်ပြီး တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက၊ တရုတ်နိုင်ငံသည် အမေရိကန်၏ လုပ်ရပ်ကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ မကြာမီတွင် ဥပဒေနှင့် အညီ အမေရိကန်၏ ကုန်ပစ္စည်းများအပေါ် အင်အားတူညီပြီး အတိုင်းအတာ တူညီသော တုံ့ပြန်ဆောင်ရွက်မှု ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

အမေရိကန် အရှေ့ပိုင်းဒေသစံတော်ချိန် ယခုလ ၃ ရက်နေ့က အမေရိကန် ကုန်သွယ်မှု ကိုယ်စားလှယ်ရုံးသည် "၃၀၁ စုံစမ်းစစ်ဆေးမှု" အရ အခွန်ကောက်ယူရန် တရုတ် ကုန်ပစ္စည်း စာရင်းဇယား အဆိုပြုချက်ကို ထုတ်ပြန်ပြီး၊ အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀ တန်ဖိုးရှိသော တရုတ်ပြည်မှ သွင်းကုန်အပေါ် ၂၅ ရာခိုင်နှုန်း ဖြစ်သော အခွန် ကောက်ယူရန် တိုက်တွန်းထားကြောင်း သိရပါသည်။

   Webradio