• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့်နိုင်ငံခြားဘဏ်တို့သည် Belt and Road ငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်မှု ကို အတူရှာကြံ

(GMT+08:00) 2018-04-03 14:27:56

ယခုလ ၂ ရက်နေ့က တရုတ်ရှန်ဟိုင်းမြို့၌ ကျင်းပသော Belt and Road နိုင်ငံဖြတ်ကျော် ပူးပေါင်း ဆောင်ရွက်ရေးနှီးနှောဖလှယ်ပွဲတွင် တရုတ်နှင့်နိုင်ငံခြားဘဏ် လုပ်ငန်းရှင်များသည် Belt and Road အဆိုပြုမူဘောင်အတွင်း ငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်မှုကို အတူရှာကြံခဲ့ကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

Belt and Road အဆိုပြုချက်ကို တင်ပြခဲ့ပြီးနောက် အောင်မြင်မှုများစွာရရှိခဲ့ကြောင်း၊ ရှန်ဟိုင်းဘဏ်ဒါရိုက်တာအဖွဲ့ဥက္ကဌဂျင်းရွေ့က လာမည့် ၅ နှစ်အတွင်း သက်ဆိုင်ရာရင်းနှီးမြှုပ့်နှံမှုနှင့်ဖွံ့ဖြိုးမှုများ တိုးမြှင့်မည်ဖြစ်ကြောင်း၊ တရုတ်ယွမ်ငွေ၏ နိုင်ငံတကာ၌အသုံးပြုရေး၊ နိုင်ငံဖြတ်ကျော်ငွေရေးကြေးရေး၊ လုပ်ငန်းစဉ်များငွေရင်း စုစည်းရေး၊ရင်းနှီးမြှုပ်နှံမှုဘဏ်စသည့်ဘက်တွင် ဘဏ်လုပ်ငန်းလိုလားချက်များစွာ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း ခန့်မှန်းထားသည်ဟု သိရပါသည်။

   Webradio