• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုန်သွယ်ရေးအငြင်းပွားမှု၊စီးပွားရေးတံခါးဖွင့်မှုဝါဒအပေါ် စကော်လာကျောင်းသူ မြန်မာနိုင်ငံစီမံဘဏ္ဍာမှ ဒေါ်ခင်မာအေးအား တွေ့ဆုံမေးမြန်း

(GMT+08:00) 2018-04-02 17:09:48

 

ကမ္ဘာ့နိုင်ငံအများစုက စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို အသုံးပြုလာနေတဲ့ အချိန်မှာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒကို လက်ခံစွဲကိုင်ကျင့်သုံးနေခြင်းက တစ်နိုင်ငံ နှင့်တစ်နိုင်ငံကြား ကုန်သွယ်မှု အငြင်းပွားမှုတွေကို ဖြစ်ပေါ်လာစေတတ်ပါတယ်။ ဒီလို ကုန်သွယ်မှုအငြင်းပွားမှုတစ်ခုဖြစ်ပြီဆိုရင် သက်ဆိုင်ရာနိုင်ငံတွေတင်မက အခြားဆက်စပ် နေတဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကိုပါ ကုန်သွယ်မှုအကျိုးစီးပွားတွေနှင့်ပတ်သက်ပြီး အကျိုး ထိခိုက်မှုတွေ များစွာရှိတတ်ပါတယ်။ ဒီအတွက်ကြောင့်လည်း  World Trade Organi- zationလို့ခေါ်တဲ့ ကမ္ဘာ့ကုန်သွယ်မှုဆိုင်ရာအဖွဲ့ကြီးကိုဖွဲ့စည်းပြီး ကမ္ဘာ့ကုန်သွယ်မှုနှင့်ပတ် သက်ပြီးအဆင်ပြေချောမွေ့စေဖို့ လိုက်လျောညီထွေဖြစ်စေမယ့် စည်းမျဉ်း၊ စည်းကမ်း မူဘောင်တွေချမှတ်ပြီး ဆောင်ရွက်ပေးနေရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အမေရိကန် ရဲ့(၃၀၁)စစ်ဆေးမှုရလဒ်အရ တရုတ်နိုင်ငံရဲ့ ပို့ကုန်မှန်သမျှအပေါ် အကောက်ခွန်တိုးမြှင့် ကောက်ခံမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် တရုတ်-အမေရိကနှ်နှစ်နိုင်ငံကြားမှာ ကုန်သွယ် ရေးအငြင်းပွားမှုဖြစ်ပေါ်နေပါတယ်။ ဒီလိုဖြစ်ပေါ်နေတဲ့အကြောင်းတရားတွေ အပေါ် ပီကင်း တက္ကသိုလ်မှာလာရောက်ပညာသင်ကြားနေတဲ့ မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးရဲ့အမြင်သုံးသပ်ချက်တွေကို CRI က တွေ့ဆုံမေးမြန်းထားပါတယ်။

 

မေး>>  မင်္ဂလာပါအစ်မ

ခင်မာအေး>>  မင်္ဂလာပါ။

မေး>> ဟုတ်ကဲ့အစ်မ။ အခုဆိုရင် အမေရိကန်က (၃၀၁) စုံစမ်းစစ်ဆေးမှုရလဒ်အရ  တရုတ်နိုင်ငံရဲ့ သွင်းကုန်မှန်သရွေ့ကို အကောက်ခွန်တွေ တိုးမြှင့်ကောက်ခံဖို့ ကြေညာ လိုက်ပါတယ်။ အဲဒီကြေညာချက်ကြောင့်  တရုတ်-အမေရိကန် ကုန်သွယ်မှုအငြင်းပွားမှု ဖြစ်နေတယ်။ အဲဒီကုန်သွယ်မှုအငြင်းပွားမှုဖြစ်နေတဲ့အပေါ် အစ်မအနေနဲ့ ဘယ်လိုသုံးသပ် ချင်ပါသလဲခင်ဗျ။

ခင်မာအေး>> တရုတ်-အမေရိကန်ကုန်သွယ်မှုအငြင်းပွားမှုမှာဆိုရင် အမေရိကန်အနေနဲ့ သူတို့ရဲ့ အသိဥာဏ်မူပိုင်ခွင့်ကို တရုတ်နိုင်ငံက နည်းပညာပိုင်းဆိုင်ရာမှာ ကူးယူသုံးစွဲနေ တယ်ဆိုတဲ့ စွပ်စွဲချက်တစ်ခုရယ်၊ နံပါတ်(၂)အချက်ကတော့  အမေရိကန်ရဲ့ကုန်သွယ် ရေးမှာလိုငွေပြနေတယ်ပေါ့။ ကုန်သွယ်ရေးလိုငွေပြနေတဲ့အပေါ်ကို တရုတ်နိုင်ငံရဲ့ကုန် သွယ်ရေးမှာ အခွန်ကို တိုးမြှင့်လိုက်ခြင်းအားဖြင့် သူတို့ရဲ့ လိုငွေပြမှုကို သက်သာလာမယ် ဆိုတဲ့ရည်ရွယ်ချက်တစ်ခုလည်းရှိတယ်ပေါ့နော်။နောက်တတိယအချက်ကျတော့ သူတိုးမြှင့် လိုက်တဲ့အခွန်တွေပေါ့၊ ကုန်သွယ်ခွန်တိုးမြှင့်လိုက်တဲ့ ကုန်ပစ္စည်းအမျိုးပေါင်း တစ်ထောင် ကျော်လုံးဟာ ဘာကို ဦးတည်နေလဲဆိုတော့ Made in China 20/25ဆိုတဲ့ Planလေး တစ်ခုရှိတယ်။ တရုတ်ဘက်ကနေ၊ အဲဒီ 20/25မှာ Made in China all and productဆိုတဲ့ Planလေးထဲမှာ ဘာပါလဲဆိုတော့ လေကြောင်းအာကာသဆိုင်ရာပစ္စည်းထုတ်လုပ်မှုတွေ၊ communicationပစ္စည်းတွေ၊ Micro chat လို ကွန်ပျူတာနှင့်ဆက်စပ်နေတဲ့ပစ္စည်းတွေ ဒီလိုလုပ်ငန်းသုံးပစ္စည်းတွေကို  တရုတ်ကဦးတည်တယ်။ ဒါကို ကြိုတင်ကာကွယ်တဲ့အနေ နဲ့ အမေရိကန်ကနေ ဒီ Made in China 20/25 Planမှာပါဝင်တဲ့ ကုန်ပစ္စည်းတွေကို အဓိက ဦးတည်ပြီးတော့ အမေရိကန်က အခွန်ကို တိုးမြှင့်လိုက်တာဖြစ်တယ်။ ပြောရမယ်ဆိုရင် တော့ တရုတ်နိုင်ငံရဲ့ဈေးကွက်ပေါ့နော်။ ဒီကုန်ပစ္စည်းထုတ်လုပ်မှုပမာဏကိုပါ ကြိုတင် ဟန့်တားတဲ့သဘောမျိုးပေါ့။ ဒါကြောင့် အမေရိကန်က တားမြစ်လိုက်တယ်။ တားမြစ်လိုက် တဲ့အခါကျတော့ တရုတ်ဘက်မှာ အမေရိကန်ကနေ တင်ပို့တဲ့ကုန်ပစ္စည်းတွေရှိတယ်။ အမျိုးပေါင်း(၁၃၈)ကျော်တယ်။ အဓိကက လယ်ယာထွက်ကုန်တွေ၊သားငါးနှင့်ပဲပိစပ်လိုမျိုး အမယ်တွေ။ ဒီလိုအမယ်တွေရှိတဲ့အခါကျတော့ တရုတ်ဘက်ကလည်း အမေရိကန်က တင်သွင်းတဲ့ကုန်ပစ္စည်းတွေအပေါ် ပြန်လည်ပြီးတော့ အကောက်ခွန်ကိုတိုးမြှင့်လိုက်မယ်။ ကုန်သွယ်ခွန်ကိုတိုးမြှင့်လိုက်မယ်ဆိုပြီးတော့ ပြန်လည်ပြောဆိုထားပါတယ်။ အငြင်းပွားပြီ ဆိုရင် ကုန်သွယ်မှုရဲ့သဘောက တစ်ဘက်နှင့်တစ်ဘက် win–win Theory ပေါ့။ win win Theoryအရ တစ်ဘက်ကလည်း အရှုံးမရှိဘူး။ တစ်ဘက်ကလည်း အမြတ်ရမယ်။ ဒီလို သဘောမျိုးနဲ့မို့ Tradeကို အသုံးပြုကြတာ။ ကုန်သွယ်ရေးဆိုတာ။ အဲဒီသဘောဖြစ်တဲ့ အတွက်ကြောင့်မို့ ဒီအငြင်းပွားမှုဟာ တရုတ်၊အမေရိကန်မှမဟုတ်ဘူး။ သူတို့နဲ့ဆက်စပ်နေ တဲ့ကုန်သည်တွေ၊ သူတို့နိုင်ငံမှာရှိတဲ့ ရင်းနှီးမြှပ်နှံမှုတွေနဲ့ အခြားဆက်စပ်နေတဲ့ စီးပွားဖက် နိုင်ငံတွေ၊ အဲနိုင်ငံတွေပါ အများကြီးထိခိုက်နိုင်တယ်။ ဥပမာအားဖြင့်ပေါ့နော်၊ i phone ပေါ့။ i phone ထုတ်လုပ်တာဆိုရင် အမေရိကန်က နည်းပညာ၊ Import materialတွေက EU ဘက်က တခြားနိုင်ငံတွေ၊ ထုတ်လုပ်တာကြကျတော့ တရုတ်နိုင်ငံမှာ ထုတ်လုပ်တယ်။ တရုတ်က လုပ်တယ်ဆိုပေမယ့်လည်း Labour  လုပ်အားပဲပါမယ်။ အဲလို ဂလိုဘယ်လိုက် သုံးနေတဲ့ ပစ္စည်းတစ်ခုထုတ်တာတောင် နိုင်ငံတွေအများကြီးဆက်စပ်နေတာဖြစ်တဲ့ အတွက်ကြောင့် သူတို့နဲ့ဆက်စပ်နေတဲ့ကုန်ပစ္စည်းတွေ supplierလုပ်တဲ့နိုင်ငံတွေ၊ Retailer ပြန်ဖြတ်တဲ့နိုင်ငံတွေမှာပါသက်ရောက်မှုရှိတယ်။ ဒီကုန်သွယ်မှုအငြင်းပွားမှုဟာ ဖြစ်ပေါ်နေ တဲ့နိုင်ငံနှစ်ခုတင်မဟုတ်ဘူး။ သူတို့နဲ့ဆက်စပ်နေတဲ့ လက်လီလက်ကားရောင်းဝယ်ဖောက် ကားနေတဲ့လုပ်ငန်းရှင်တွေရော ရင်းနှီးမြှပ်နှံမှုလုပ်နေတဲ့စီးပွားရေးတွေရော အခြားဆက် စပ်နေတဲ့ အခြားနိုင်ငံတွေရောမှာပါ ထိခိုက်မှုရှိပါတယ်။

မေး>> ဟုတ်ကဲ့ပါဗျ။ ကုန်သွယ်ရေးကိုယ်ကျိုးစီးပွားပေါ့နော်။ ကုန်သွယ်ရေးကိုယ်ကျိုး စီးပွားကာကွယ်ရေးဝါဒဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံအကြားရဲ့ ကုန်သွယ်ရေးကို ဘယ်လောက် အထိ ထိခိုက်မှုတွေရှိလာနိုင်လဲအစ်မ။

ခင်မာအေး>> ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒဆိုတည်းကိုက သူ့ရဲ့နိုင်ငံတစ်ခုတည်း ကိုပေါ့။ ချမှတ်တဲ့နိုင်ငံ၊ သူ့ရဲ့နိုင်ငံကို အဓိကဦးစားပေးတာပေါ့နော်။ နောက် သူ့နိုင်ငံအကျိုး စီးပွားအတွက်၊သူ့နိုင်ငံရဲ့မူပိုင်ခွင့်တွေအတွက် ကာကွယ်တဲ့သဘောဖြစ်တဲ့အတွက်ကြောင့် မို့ သူ့ရဲ့နိုင်ငံတစ်ခုတည်းအနေနဲ့တော့ရပေမယ့် အခုခေတ်ကြီးက ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်နေတာပေါ့နော်။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ Open Market Policy တံခါးဖွင့် ၀ါဒကို အားလုံးကသုံးနေတဲ့အတွက် တစ်နိုင်ငံနဲ့တစ်နိုင်ငံ လွတ်လပ်စွာနည်းပညာတွေ လည်း စီးဆင်းလိုက်မယ်။ Labourတွေရော Free Flow of Capital ရင်းနှီးမြှပ်နှံမှုတွေရော ဒါတွေဟာ လွတ်လပ်စွာစီးဆင်းနေမှာပဲ။ စီးဆင်းနေတဲ့အခါကျရင် တစ်ခါတစ်လေကျရင် ကိုယ်တားဆီးလို့မရဘူးပေါ့။ နည်းပညာပိုင်းပဲဖြစ်ဖြစ် လေဘာပဲဖြစ်ဖြစ် Capitalပဲဖြစ်ဖြစ် ကုန်ပစ္စည်းတွေပဲဖြစ်ဖြစ်ပေါ့နော်။ အဲလိုစီးဆင်းလို့မရတဲ့အခါမျိုးမှာကျရင် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒကိုအသုံးပြုပြီးတော့ အချို့နိုင်ငံတွေက ကိုယ့်နိုင်ငံရဲ့အကျိုးစီးပွား အတွက်ကို ကာကွယ်မှုတွေ ပြုလုပ်ကြတယ်။ လုပ်လို့တော့ရတယ်။ ဒါပေမယ့် အဲဒီရဲ့ Rule and Regulationတွေပေါ့။ သူတို့ချမှတ်လုပ်ဆောင်မယ့်အဆင့်ဆင့်က တစ်ခါတစ်လေကျ ရင် ဘက်စုံစဉ်းစားရမှာပေါ့နော်။ ဒါကြောင့်မို့လည်း WTO ဆိုတဲ့ World Trade Organi- zationကြီးရှိတာပေါ့နော်။ ဒီ World Trade Organization ကြီးအရ ကိုယ့်တစ်နိုင်ငံတည်း တင်မဟုတ်ဘဲ အခြားနိုင်ငံတွေနဲ့ကုန်သွယ်မှုပြုလုပ်တဲ့အခါမှာ ဒီလိုအငြင်းပွားမှုတွေ၊ တစ်ဖက်သတ်အကျိုးစီးပွားဖြစ်ထွန်းမှုတွေနည်းပြီးတော့ ဘက်စုံပေါ့။ အားလုံးနှစ်ဦးနှစ်ဖက် ပြေလည်ပြီးတော့ နှစ်ဦးနှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းမယ့် မူဝါဒတွေကို ချမှတ်နိုင်ဖို့ ဒီအဖွဲ့ အစည်းကြီးကို ဖွဲ့စည်းပြီးတော့ ဆောင်ရွက်နေတာပေါ့နော်။ အဲလိုဆောင်ရွက်နေတာဖြစ် တဲ့အတွက် ဒီအကျိုးစီးပွားမူဝါဒကိုရှေ့တန်းတင်မယ်ဆိုရင်တော့ ရေရှည်ကျရင် ကိုယ်ဟာ မိတ်ဖက်နိုင်ငံတွေလည်းဆုံးရှုံးမယ်။ နောက်တစ်ခုက Free Trade Agreement ဆိုတာရှိ တယ်။ လွတ်လပ်စွာကုန်သွယ်မှု။ လွတ်လပ်စွာကုန်သွယ်မှုမူဝါဒကြီးကို အကောင်အထည် ဖော်ခြင်းအားဖြင့် အခုဆို နိုင်ငံတွေက အကျိုးစီးပွားတွေဖြစ်ထွန်းလာကြပြီပေါ့နော်။ အဲဒီ Free Trade Agreement ကြီးနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒက ဘာပဲပြောပြော ဆန့်ကျင်ဘက်ဖြစ်နေတာပေါ့။ အဲဒီအခါကျတော့ Free Trade Agreementဆိုရင် နိုင်ငံ တိုင်းနိုင်ငံတိုင်းက win win theory အရ အကျိုးအမြတ်ရရှိနိုင်မှာဖြစ်ပေမယ့် ဒီကိုယ်ကျိုး စီးပွားကာကွယ်မှုမူဝါဒဟာ ရေရှည်မှာဆိုရင်တော့ နှစ်ဦးနှစ်ဖက်ကို အကျိုးစီးပွားဖြစ်ထွန်း နိုင်မှာမဟုတ်ဘူးပေါ့။

မေး>> ဟုတ်ကဲ့ပါ။ စောစောက အစ်မပြောသလို စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းနဲ့ လွတ်လပ်စွာကုန်သွယ်မှုဟာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နောက်တစ်ခါ နိုင်ငံရေး၊ ပညာရေးဖွံ့ဖြိုးမှုတွေအတွက် ဘယ်လောက်အထိ အရေးပါတယ်လို့ အစ်မအနေနဲ့ ထင်မြင် မိပါလဲခင်ဗျ။

ခင်မာအေး>> Free Trade Agreementကတော့ အခုခေတ်မှာဆိုရင် ဂလိုဘယ် လိုက်ဇေးရှင်းဖြစ်နေတဲ့အတွက်ကြောင့် ဘယ်နိုင်ငံမှာမှ ပိတ်ပင်တားဆီးလို့မရဘူး။ ဒါဆို ရင် Free Trade Agreementကြောင့် ဘာတွေတိုးတက်လာနိုင်လဲဆိုတော့ ပထမဆုံး နည်း ပညာတွေ။ တစ်နိုင်ငံနှင့်တစ်နိုင်ငံနည်းပညာတွေလွတ်လပ်စွာသုံးစွဲလာတဲ့အတွက်ကြောင့် မို့နည်းပညာပိုင်းဆိုင်ရာမှာပူးပေါင်းဆောင်ရွက်လာနိုင်တယ်။ advances ပေါ့နော်။ advan ces Technologyတွေကိုလည်း ပိုပြီးတော့ innovate လုပ်လာနိုင်တယ်။ ဒုတိယအချက် အနေနဲ့ကတော့ အခုနကပြောတဲ့ Free Capital။ ဥပမာ ရင်းနှီးမြှပ်နှံမှုတွေပေါ့။ ရင်းနှီးမြှပ်နှံ မှုတွေဟာ တစ်နိုင်ငံနှင့်တစ်နိုင်ငံပိုပြီးတော့ လွတ်လပ်စွာရင်းနှီးမြှပ်နှံလာနိုင်တဲ့အတွက် ကြောင့်မို့ စီးပွားရေးဖွံ့ဖြိုးလာနိုင်တာပေါ့နော်။ ရင်းနှီးမြှပ်နှံမှုတိုးလာနိုင်တယ်။ တတိယ အချက်က ဘာတွေတိုးတက်လာနိုင်လဲဆိုတော့ ဒီလိုတစ်နိုင်ငံနဲ့တစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်မယ်။ ကုန်သွယ်မှုတွေ တိုးပွားလာတာနဲ့အမျှ တစ်ခြားနိုင်ငံတစ်ခုကနေ နိုင်ငံ တစ်ခုကို နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ တိုးပွားလာတာနဲ့တစ်ဘက်မှာ အလုပ်အကိုင်အခွင့် အလမ်းတွေက Host country ရင်းနှီးမြှပ်နှံမှုလုပ်လိုက်တဲ့ တိုင်းပြည်အတွက် အလုပ် အကိုင်အခွင့်အလမ်းတွေများလာမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေများလာခြင်းအား ဖြင့် တစ်ဖက်မှာ သူ့နိုင်ငံရဲ့ unemployment rate အလုပ်လက်မဲ့ဦးရေကျလာမယ်။ အလုပ် လုပ်ကိုင်နိုင်မှု employment rate တွေတက်လာမယ်။ ဒါဆိုရင် တစ်ဖက်မှာ Incomeတွေ တက်လာမယ်။ ၀င်ငွေတွေတက်လာမယ်။ ၀င်ငွေတစ်ဖက်တစ်လမ်းကတက်လာပြီး အလုပ် အကိုင်တွေကလည်းရရှိလာပြီဆိုရင် သူတို့ရဲ့လူမှုစီးပွားဟာတစ်ဖက်တစ်လမ်းက တိုးတက် လာမယ်။ ဒါကြောင့်မို့ အများကြီးအထောက်အကူပြုတယ်လို့ အစ်မယုံကြည်ပါတယ်။ နောက်တစ်ခုက ပညာရေးပေါ့နော်။ ဒီလို Free Trade Agreementတွေထဲမှာ ကုန်သွယ် ရေးဆိုပေမယ့် ပညာရေးပေါ့ နည်းပညာဖလှယ်မှုတွေ၊ တစ်ခြားနိုင်ငံက ပညာရေးတွေ၊ မဖွံ့ဖြိုးသေးတဲ့ဒေသတွေမှာ လာရောက်ပြီးတော့ ဖွင့်လှစ်ခြင်းအားဖြင့် ပညာရေးအားဖြင့် လည်းပေါ့နော်။ အဆင့်မြင့်ပညာရေးစနစ်တွေပေါ့၊ အဆင့်မြင့်ပညာရေးစနစ်တွေကို လက်ခံ ရရှိသွားမယ်ပေါ့။ ဒါဟာကောင်းတဲ့အချက်တွေပဲပေါ့။ ဒါပေမယ့် အားလုံးမှာ ကောင်းကျိုး ဆိုးကျိုးက ရှိနေတဲ့အတွက်ကြောင့်မို့ ကိုယ့်နိုင်ငံမှာရှိနေတဲ့ ဒေသခံလုပ်ငန်းရှင်လေးတွေ အတွက် အနည်းနှင့်အများထိခိုက်မှုရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Free Trade Agree- mentလုပ်လိုက်ပြီဆိုရင် ပိုမိုကောင်းမွန်တဲ့နည်းပညာပိုင်းဆိုင်ရာ၊ အရင်းအနှီးပိုင်းဆိုင်ရာမှာ ပိုမိုအားသာတဲ့ နိုင်ငံတွေကတော့ ပိုပြီးတော့ အကျိုးအမြတ်ရရှိတာပေါ့။ လက်ခံရရှိတဲ့နိုင်ငံ အနေနဲ့တော့ ဒီရင်းနှီးမြှပ်နှံမှုတွေကနေ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ နည်းပညာပိုင်း ဆိုင်ရာတွေရရှိတယ်ဆိုပေမယ့် တခြားတစ်ဖက်မှာကျတော့ ဒေသတွင်းမှာရှိတဲ့စီးပွားရေး လုပ်ငန်းတွေ မယိုင်လဲအောင်၊  ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် အစိုးရဘက်ကနေ ကြိုတင်ကာ ကွယ်မှုတွေ၊ ကူညီထောက်ပံမှုတွေ နောက်ကိုယ့်ရဲ့ဒေသတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်း လေးတွေကို ကာကွယ်ပေးမယ့် ဥပဒေမူဝါဒတွေ၊ Rule and Regulation တွေကို ခိုင်မာ အောင်တော့ ပြုလုပ်ထားသင့်တယ်။ ဒါဆိုရင်တော့ နှစ်ဦးနှစ်ဖက် အကျိုးရှိ တာပေါ့နော်။

မေး>> ဟုတ်ကဲ့ပါဗျ။ ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့လည်း ဒီရေစီးကြောင်းမှာ ပါဝင်နိုင်ပြီ လား။ ဘယ်လောက်အထိ အကျိုးကျေးဇူးတွေ ရရှိနေပြီလို့ အစ်မထင်ပါသလဲခင်ဗျ။

ခင်မာအေး>> မြန်မာနိုင်ငံအနေနဲ့လည်း အခုချိန်မှာဆိုရင် စီးပွားရေး၊ နိုင်ငံရေးပေါ့နော် အားလုံးကို ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်နေပါတယ်။ Economic Reformတွေ။ အဲလို လည်းပြုလုပ်နေတယ်။ နောက်တစ်ခု အစ်မတို့က ၂၀၁၀ မှာဆို FESR ဆိုတဲ့ Frame work ပေါ့။ Economic and Social Reform ဆိုတဲ့ လူမှုစီးပွားရေးပြုပြင်ပြောင်းလဲမှုမူဘောင်အရ လွတ်လပ်စွာကုန်သွယ်မှုထဲကိုဝင်ဖို့အတွက်ပေါ့နော်။ ကြိုးပမ်းဆောင်ရွက်နေတယ်။ Busin- ess Environment အများကြီးအဆင်ပြေချောမွေ့လာအောင် အခုဆိုရင် မြန်မာနိုင်ငံရင်းနှီး မြှပ်နှံမှုကော်မရှင်ကနေပြီး ဥပဒေတွေ၊ ရင်းနှီးမြှပ်နှံမှုဥပဒေတွေ၊ နည်းဥပဒေတွေနဲ့ လုပ်ထုံး လုပ်နည်းတွေ အများကြီး ချမှတ်ပြီးဆောင်ရွက်နေတယ်။ ၂၀၁၅မှာဆိုရင်လည်း မြန်မာနိုင်ငံ ရဲ့ပြုပြင်ပြောင်းလဲလိုက်တဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ကိန်းဂဏန်းတွေအရဆိုရင် စီးပွားရေး ပတ်ဝန်းကျင်ဟာ အများကြီးပေါ့နော်။ ရင်းနှီးမြှပ်နှံမှုအတွက် Business Environment ရဲ့ အဆင့်ဟာ အများကြီးတက်လာပါတယ်။ အခုဆို မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးစတင် ဆောင်ရွက်ဖို့ Ease of doing Business rateဆိုရင် အရင်တုန်းက (၁၇၁) ရှိရာကနေ အခု ဆို(၁၇၀)ကိုရောက်ရှိလာတယ်။ နောက်တစ်ခုက starting Business ပေါ့နော်။ Starting Businessဟာဆိုရင်လည်း လက်ရှိမှာဆိုရင် မြန်မာနိုင်ငံဟာ Rank အနေနဲ့ (၁၄၆) မှာတည် ရှိပါတယ်။ ဒါဟာဆို မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုလုပ်ဖို့အတွက် အများကြီးတိုးတက်လာ တယ်ဆိုတဲ့သဘောမှာရှိတယ်။ နောက်တစ်ခု မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးမြှပ်နှံမှုဥပဒေကို လည်းပြဌာန်းပြီးပြီဖြစ်တဲ့အတွက်ကြောင့်မို့ ရင်းနှီးမြှပ်နှံမှုတွေကို အရှိန်အဟုနှ်နဲ့ မြှင့်တင်နိုင် မယ်လို့ထင်ပါတယ်။

မေး>> ဟုတ်ကဲ့ပါ။ တရုတ်နိုင်ငံဟာ စီးပွားရေးတံခါးဖွင့်မှုဝါဒကို ကျင့်သုံးလာခဲ့တာ နှစ် ပေါင်း(၄၀)က ဒီနှစ်မှာ ပြည့်ခဲ့ပြီပေါ့အစ်မရယ်။ အဲဒီတော့ နိုင်ငံတကာမှာလည်း စီးပွားရေး တံခါးဖွင့်မှုဝါဒကို ကျင့်သုံးသလို မြန်မာနိုင်ငံအတွက်လည်း တရုတ်နိုင်ငံက ကျင့်သုံးခဲ့တယ် ပေါ့။ ကျင့်သုံးတဲ့အတွက် အခုဆိုရင် တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံဟာ တစ်နှစ်ထက်တစ်နှစ် ကုန်သွယ်မှုနဲ့ရင်းနှီးမြှပ်နှံမှုက ပိုပိုများများလာတာကိုတွေ့ရတယ်။ အဲဒီအတွက်ကြောင့် မြန်မာနိုင်ငံအတွက် ဘယ်လောက်အထိ အကျိုးကျေးဇူးရသလဲ အစ်မရဲ့အမြင်လေးကို သုံးသပ်ပေးပါဦး။

ခင်မာအေး>> တရုတ်နိုင်ငံက အစောကြီးကတည်းက ကုန်သွယ်မှုတွေလုပ်ခဲ့တယ်။ ၁၉၈၀ လောက်မှာ မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့ တံခါးဖွင့်မှုဝါဒနှင့်အတူ ကုန်သွယ်ရေးမှာ လိုလာ တယ်။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ အခုချိန်မှာ တရုတ်-မြန်မာ ကုန်သွယ်ရေးမှာဆိုရင် တော့ မြန်မာနိုင်ငံအနေနဲ့ လိုငွေပြမှုတွေဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ရေရှည်မှာ အရင် တုန်းက မြန်မာနိုင်ငံရဲ့ ပို့ကုန်တွေအနေနဲ့က မူလအကြမ်းထည်တွေပေါ့နော်။ ကုန်ကြမ်း တွေကို အဓိကထားပို့ရတာဖြစ်တယ်။ တရုတ်ဘက်ကနေ မြန်မာနိုင်ငံကို ပြန်သွင်းတဲ့အခါ ကတော့ အခြေခံစားကုန်ကနေစပြီးတော့ လျှပ်စစ်ပစ္စည်းတွေ၊ အဓိကအသုံးများတဲ့ ထုတ် ကုန်တွေဖြစ်နေတဲ့အတွက် ကုန်သွယ်မှုလိုငွေပြမှုတော့ဖြစ်နေပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံအနေနဲ့ ရေရှည်မှာ တရုတ်နဲ့မြန်မာရဲ့ရင်းနှီးမြှပ်နှံမှုဟာ အရမ်းမြင့်မားလာတာဖြစ်တဲ့ အတွက်ကြောင့် တစ်ချိန်မှာ ကုန်သွယ်မှုမှာ မြန်မာနိုင်ငံအနေနဲ့ ဘက်ညီမျှဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။

မေး>> ဟုတ်ကဲ့ပါ။ တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား ကုန်သွယ်မှုအငြင်းပွားမှုတွေနဲ့ပတ် သက်ပြီး အစ်မအနေနဲ့ ဘာများဖြည့်စွက်ပြီးတော့ ပြောစရာရှိဦးမလဲခင်ဗျ။

ခင်မာအေး>> ကုန်သွယ်မှုအငြင်းပွားမှုအနေနဲ့ဆိုရင်တော့ ကုန်သွယ်မှုအငြင်းပွားမှုတစ်ခု ဖြစ်လာပြီဆိုရင် ဖြစ်လာတဲ့တိုင်းပြည်နှစ်ခုတည်းတင်မဟုတ်ပါဘူး။ WTO မှာလည်း ဒီလို အခွန်ကောက်မှုကြောင့် ဖြစ်တဲ့ကိစ္စတွေ(၁၅)ကြိမ်လောက် ရှိခဲ့ဖူးတယ်ပေါ့လေ။ ရှိခဲ့ဖူးပေ မယ့် အဲလိုမျိုးအခွန်ကြောင့်ဖြစ်လာပြီဆိုတဲ့ နှစ်ဖက်နိုင်ငံလုံးဟာ ကိုယ်ကျိုးစီးပွားကို အားပြု ကြတယ်ပေါ့။ အဲဒီကုန်သွယ်မှုအကောက်ခွန်နှုန်းထားတွေကို တိုးမြှင့်လိုက်တဲ့နည်းထက် ဖြစ်ခဲ့တဲ့ အကြိမ်တိုင်းမှာလည်း နိုင်ငံအားလုံးက နှစ်ဦးနှစ်ဖက်တွေ့ ဆုံဆွေးနွေး ပြီးတော့ အတတ်နိုင်ဆုံးပြေလည်မယ့်နည်းလမ်းကိုရွေးချယ်ခဲ့ကြတာ သမိုင်းကြောင်းအရရှိခဲ့တဲ့ အတွက်ကြောင့်မို့ ဒီကုန်သွယ်မှုပြဿနာတက်လာမယ်ဆိုရင် တရုတ်-အမေရိကန်ပေါ့။ ဖြစ်နေတဲ့တိုင်းပြည်နှစ်ခုမှမကပါဘူး။ အခြားဆက်စပ်နေတဲ့ တိုင်းပြည်တွေရော၊ ကိုယ့်နိုင်ငံ တွင်းမှာရှိတဲ့ ရင်းနှီးမြှပ်နှံတွေရောပေါ့နော်။ ဥပမာ တရုတ်မှာရှိနေတဲ့ အမေရိကန် ရင်းနှီးမြှပ် နှံမှုတွေရော၊ နောက်တစ်ခုက အမေရိကန်ဘက်က အခွန်ကို တိုးမြှင့်လိုက်တဲ့ အခါကျတော့ တရုတ်နိုင်ငံအတွင်းမှာလည်း အမေရိကန်ထုတ်ပစ္စည်းတွေက ဈေးနှုန်းမြင့်ပြီးတော့ တရုတ် ပြည်သူတွေ ငွေသုံးစွဲရတဲ့အခါမှာ တစ်ဘက်တစ်လမ်းမှာ ထိခိုက်မှုတွေရှိတာပဲ။ အဲလိုပဲ အမေရိကန်ဘက်မှာလည်း ထိခိုက်မှုကရှိနေတာပဲ။ အခုတောင်မှ စတော့အိတ်ချိန်းရှယ်ယာ တွေကကျဆင်းသွားတယ်။ ဒါကြောင့်မို့ ကုန်သွယ်မှုအငြင်းပွားမှုရေရှည်ဖြစ်သွားမယ်ဆိုရင် တော့ နှစ်ဦးနှစ်ဘက်အတွက် အကျိုးမရှိဘူးပေါ့နော်။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက်ခြင်း ကသာ အကောင်းဆုံးသောကုန်သွယ်မှုရေး စီးပွားအကျိုးဖြစ်ထွန်းစေမယ်လို့မြင်ပါတယ်။

မေး>> ဟုတ်ကဲ့ပါ။ အခုလို CRI ကမေးမြန်းသမျှကို ပြန်လည်ဖြေကြားပေးခဲ့တဲ့ မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။

ခင်မာအေး>> ဟုတ်ကဲ့ပါ။ ကျွန်မအနေနဲ့လည်း ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့ သဘောထားအမြင်တွေကို ပါဝင်ဆွေးနွေးရတဲ့အတွက် အများကြီးအကျိုးရှိပါတယ်။ အဲဒီ အတွက်လည်း CRIကို ကျေးဇူးအများကြီးတင်ပါတယ်။

   Webradio