• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နှစ်ဦးနှစ်ဖက် တွေ့ဆုံညှိနှိုင်းခြင်းသာကုန်သွယ်မှုအငြင်းပွားမှုကို ဖြေရှင်းနိုင်မည်ဟု မြန်မာစကောလာကျောင်းသူပြော

(GMT+08:00) 2018-04-02 17:05:36

 

အမေရိကန်နိုင်ငံ၏ ပြီးခဲ့တဲ့နှစ် သြဂုတ်လကဆောင်ရွက်ခဲ့သည့် ၃၀၁ စုံစမ်း စစ်ဆေးမှုရလဒ်အရ တရုတ်နိုင်ငံမှတင်သွင်းသည့် အမေရိကန်ဒေါ်လာ သန်း(၆၀)တန်ဖိုးရှိ ကုန်ပစ္စည်းတွေအပေါ် မြင့်မားသည့်  အခွန်ကောက်ယူမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့ သည့် မတ်လ(၁၈)ရက်နေ့က ကြေညာလိုက်သည့်အတွက် တရုတ်-အမေရိကန် ကုန်သွယ် မှုအငြင်းပွားမှုဖြစ်ပေါ်နေကြောင်းသိရပါသည်။

အမေရိကန်အနေနဲ့ ယခုလိုတရုတ်ကုန်ပစ္စည်းတွေအပေါ်အခွန်တိုးမြှင့် ကောက်ခံရန် ဆုံးဖြတ်ခြင်းသည် သူတို့ရဲ့အသိဥာဏ်မူပိုင်ခွင့်ကို တရုတ်နိုင်ငံက နည်း ပညာပိုင်းဆိုင်ရာမှာ ကူးယူသုံးစွဲနေတယ်ဆိုသည့် ထင်မြင်စွပ်စွဲချက်ရှိနေကြောင်း၊  နောက် နံပါတ်(၂)အချက်အနေဖြင့် အမေရိကန်ရဲ့ကုန်သွယ်ရေးမှာ လိုငွေပြနေကြောင်း၊ အဆိုပါ ကုန် သွယ်ရေးလိုငွေပြနေတဲ့အပေါ်ကို တရုတ်နိုင်ငံ၏ကုန်သွယ်ရေးမှာ အခွန်ကိုတိုးမြှင့် လိုက်ခြင်းအားဖြင့် သူတို့ရဲ့လိုငွေပြမှုကို သက်သာလာမယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုလည်း ရှိတဲ့အတွက်ကြောင့်ဖြစ်နိုင်ကြောင်း ပီကင်းတက္ကသိုလ်မှ မြန်မာ စကောလားရှစ်ကျောင်း ဒေါ်ခင်မာအေးက သူ့အမြင်ကိုပြောပါသည်။

လက်ရှိအချိန်မှာ တရုတ်ဘက်ကလည်း တရုတ်ပြည်တွင်းက အမေရိကန် နိုင်ငံ၏သွင်းကုန်ကုန် (၁၃၈)မျိုးအပေါ် ပြန်လည် အခွန်တိုးမြှင့်ကောက်ခံဖို့ဆုံးဖြတ်လိုက် ပါတယ်။ အဲဒီအတွက်ကြောင့် နှစ်နိုင်ငံအတွင်းမှာရှိသည့် ရင်းနှီးမြှပ်နှံမှုအပါအ၀င် ကုန် ပစ္စည်းတွေရဲ့ဈေးနှုန်းတိုးမြင့်လာသည့်အတွက် ၀ယ်ယူစားသုံးကြတဲ့ နှစ်နိုင်ငံပြည်သူများ လည်း ထိခိုက်မှုတွေရှိလာပါသည်။ ဒါနှင့်ပတ်သက်လို့လည်း ဒေါ်ခင်မာအေးက "ကုန်သွယ် မှုအငြင်းပွားမှုဖြစ်ပေါ်လာသည့်အခါ ဖြစ်ပွားနေသည့်နိုင်ငံနှစ်ခုတင်မဟုတဘဲ ဒီနိုင်ငံတွေ နှင့်ဆက်စပ်နေသည့် လက်လီလက်ကားရောင်းဝယ်ဖောက် ကားနေတဲ့လုပ်ငန်းရှင်တွေ ရော ရင်းနှီးမြှပ်နှံမှု လုပ်နေသည့် စီးပွားရေးတွေရော အခြားဆက်စပ်နေတဲ့ အခြား နိုင်ငံတွေ ရောမှာပါ ထိခိုက်မှုရှိကြောင်း၊  ကုန်သွယ်မှုအငြင်းပွားမှု ရေရှည်ဖြစ်သွားမည်ဆိုရင်တော့ နှစ်ဦးနှစ်ဘက်အတွက်အကျိုးမရှိကြောင်း၊နှစ်ဦးနှစ်ဖက်ညှိနှိုင်းဆောင်ရွက်ခြင်းကသာ အ ကောင်းဆုံးသောကုန်သွယ်မှုရေး စီးပွားအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်းပြောပါသည်။

World Trade Organization (WTO) အဖွဲ့ကြီးအနေနဲ့ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အကြား ကုန်သွယ်ခွန်တိုးမြှင့်ကောက်ခံမှုတွေကြောင့်ဖြစ်ပေါ်လာမည့် ကုန်သွယ်မှုအငြင်း ပွားမှုတွေကို သက်ဆိုင်ရာနိုင်ငံအလိုက် နည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ပြီး ဖြေရှင်းပေးလျက်ရှိကြောင်း သိရပါသည်။

   Webradio