• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရန်ကုန်မြို့သစ်စီမံကိန်းကို စတင် ဖော်ဆောင်

(GMT+08:00) 2018-04-02 13:26:52

        မတ်လ ၃၁ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ လိမီတက် (NYDC) ဖွဲ့စည်းထူထောင်ကြောင်း၊ ရန်ကုန်မြို့သစ် တည်ဆောက်ခြင်းဖြင့် ဒေသတွင်းစီးပွားရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ လိမီတက်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရာနှုန်းပြည့်ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ကြောင်း၊ ယင်းကုမ္ပဏီကို ဒါရိုက်တာ ဘုတ်အဖွဲ့မှ စီမံခန့်ခွဲမည်ဖြစ်ပြီး ၎င်းဒါရိုက်တာဘုတ်အဖွဲ့တွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် နိုင်ငံတကာမှ ဂုဏ်သတင်းကျော်ကြားသည့် လွတ်လပ်သော ဒါရိုက်တာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

   Webradio