• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရထားဘူတာငယ်တွင် အလယ်အာရှသို့ပေါက်ရောက်သော ရထား ပြေးဆွဲနေ

(GMT+08:00) 2018-04-02 12:40:48
တရုတ်ပြည် ဟိုနန်ပြည်နယ် ရှင်းရှန်းမြို့ ရှီဖိုကုရွာရှိ ရထားဘူတာသည် အဆင့် အနိမ့်ဆုံးသော ရထားဘူတာငယ် တစ်ခု ဖြစ်ကြောင်း၊ မကြာမီက ယင်းရထားဘူတာငယ်တွင် ပထမ ဦးဆုံးသော အလယ်အာရှ နိုင်ငံများသို့ ပေါက်ရောက်သော ကုန်တင် ရထား စတင် ခုတ်မောင်းလာပြီ ဖြစ်ကြောင်း၊ အထက်ပါ ကုန်တင်ရထားပေါ်တွင် စက်ယန္တရား၊ ရေခဲသေတ္တာ၊ ရေအိမ်သုံးပစ္စည်း စသည့် ကုန်ပစ္စည်းများ တင်ဆောင် ထားပြီး၊ ၇၂ နာရီခန့် ခုတ်မောင်းပြီးနောက် ကာဇက်စတန်နိုင်ငံသို့ ရောက်သွားမည် ဖြစ်ကြောင်း တရုတ် စီးပွါးရေး နေ့စဉ် သတင်းစာမှ သတင်းအရ သိရပါသည်။
   Webradio