• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဧပြီလ ၂ ရက်နေ့မှ၍ တရုတ်ပြည်သည်၊ အမေရိကန်ထုတ်လုပ်သည့် ကုန်ပစ္စည်း ၇ မျိုး အပေါ် အကောက်ခွန်လျှော့ချရေးမူဝါဒ ဆက်မကျင့်သုံး

(GMT+08:00) 2018-04-02 12:40:35

      တရုတ်နိုင်ငံတော်ကောင်စီ၏ ခွင့်ပြုချက်အရ၊ နိုင်ငံတော်ကောင်စီ အကောက်ခွန်မူများ ရေးရာကော်မရှင်သည်၊ ဧပြီလ ၂ ရက်နေ့မှစ၍၊ အမေရိကန်မှ ထုတ်လုပ်သည့် ကုန်ပစ္စည်း ၇ မျိုးထဲမှ သွင်းကုန်ပစ္စည်း အမျိုးအစားခွဲပေါင်း ၁၂၈ မျိုးများအပေါ် အကောက်ခွန်လျှော့ချ ရေးမူဝါဒကို ဆက်မကျင့်သုံးဘဲ၊ လက်ရှိအခွန်နှုန်းကို အခြေခံပြီး အခွန်တိုးမြှင့် ကောက်ယူ မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ရေးရာဦးစီးဌာနသည်၊ ယခုလ ၁ ရက်နေ့ ထုတ်ပြန်သည့် (နိုင်ငံတော်ကောင်စီအကောက်ခွန်မူများရေးရာကော်မရှင်က အမေရိကန် မှ ထုတ်လုပ်သည့် သွင်းကုန်ပစ္စည်းအချို့အပေါ် အကောက်ခွန်လျှော့ချရေးမူဝါဒ ဆက် မကျင့်သုံးရေးကြေညာချက်)အရ၊ ယခုအကြိမ် အကောက်ခွန်မူဝါဒထိန်းညှိခြင်းသည်၊ တရုတ်ပြည်၏ အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု သတင်းအရသိရသည်။

   Webradio