• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရွှန်အန်း ဇုန်သစ်တွင် အရေးကြီး လုပ်ငန်းစဉ်များနှင့် ပြည်သူလူထု နေထိုင်မှုဘဝ ဆိုင်ရာ လုပ်ငန်းများ ချောမောစွာ တိုးတက်နေ

(GMT+08:00) 2018-04-02 09:31:16

ဧပြီလ ၁ ရက်နေ့သည် တရုတ်ပြည် ရွှန်အန်း ဇုန်သစ် တည်ထောင်သည့် ၁ နှစ်ပြည့် ဖြစ်ပါသည်။ တရုတ် ခေါင်းဆောင်ကြီး ရှီကျင့်ဖိန် တင်ပြသော "ကမ္ဘာကြီးဆိုင်ရာ အမြင်၊ ကမ္ဘာ့ စံချိန်စံနှုန်း၊ တရုတ် ထူးခြားချက် ဝိသေသ၊ အဆင့်မြင့် စီမံချက်" ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်နှင့်အညီ လွန်ခဲ့သည့်နှစ် တစ်နှစ်အတွင်း ရွှန်အန်း ဇုန်သစ်တွင် အရေးကြီး လုပ်ငန်းစဉ်များနှင့် ပြည်သူလူထု နေထိုင်မှုဘဝ တိုးတက်ရေး လုပ်ငန်းများတွင် ထင်ရှားသော တိုးတက်မှုများကို ရရှိခဲ့ပါသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် တရုတ်နိုင်ငံသည် ဟိုပေ ပြည်နယ်တွင် ရွှန်အန်း ဇုန်သစ် ထားရှိရန် ဆုံးဖြတ်ခဲ့သည်။ အရင်တုန်းက ဆိုလျှင် ရွှန်အန်း ဇုန်သစ်တွင် အခြေခံ အဆောက်အဦ လုံးဝ မရှိပေ။ ယခု ရွှန်အန်း ဇုန်သစ်၏ နံပါတ် ၁ အမှတ်အသား အဆောက်အဦး ဖြစ်သည့် ရှုံအန်း မြို့သူမြို့သားများအား ဝန်ဆောင်မှုပေး စင်တာ ပင်မ အဆောက်အဦးကို ဆောက်လုပ်ပြီးစီးပါပြီ။ ပီကင်း - ရွှန်အန်း မြန်နှုန်းမြင့် ရထားလမ်းကိုလည်း စတင် ဆောက်လုပ်နေပြီ။ အထက်ပါ တစ်နာရီလျှင် ကီလိုမီတာ ၂၅၀ ခုတ်မောင်းနိုင်သော ရထားလိုင်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် အသစ် ဆောက်လုပ်မည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် တစ်ချိန်တည်း အသုံးပြုမည်ဟု သတင်း ရရှိပါသည်။

   Webradio