• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မှန်ကန်သော ဦးတည်ချက်အတိုင်း တရုတ်-ဗီယက်နမ် ဆက်ဆံမှု ရေရှည် တိုးတက် စေရန် အာမခံပေးရမည်ဟု ဝမ်ယိ ဆို

(GMT+08:00) 2018-04-02 08:47:50

ဗီယက်နမ် နိုင်ငံ၌ တရားဝင် ခရီးလှည့်လည်နေသော တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၁ ရက်နေ့က ဟနွိုင်မြို့၌ ဗီယက်နမ် ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဘန်ပင်မင်နှင့် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပပြီးနောက် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဝမ်ယိက၊ တရုတ်နှင့် ဗီယက်နမ် ကဏ္ဍစုံ အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ဆက်ဆံမှု ခိုင်မြဲ တိုးတက်ခြင်းသည် နှစ်ဖက်စလုံး၏ တူညီသော မဟာဗျူဟာ အကျိုးစီးပွါးနှင့် ကိုက်ညီပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာရေးအတွက် အကျိုးရှိမည် ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် မှန်ကန်သော ဦးတည်ချက်အတိုင်း တရုတ်-ဗီယက်နမ် ဆက်ဆံမှု ရေရှည် တိုးတက် စေရန် အာမခံပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio