• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် ဗီယက်နမ် နိုင်ငံတော် ဥက္ကဋ္ဌ ထရန်ဒိုင်ကွမ်နှင့် တွေ့ဆုံ

(GMT+08:00) 2018-04-01 16:04:26

        ယခုလ ၁ ရက်နေ့တွင် ဗီယက်နမ် နိုင်ငံတော် ဥက္ကဋ္ဌ ထရန်ဒိုင်ကွမ်သည် ဗီယက်နမ်နိုင်ငံ၌ တရားဝင် အလည်အပတ် ရောက်ရှိနေသော တရုတ် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ထိုသို့ တွေ့ဆုံရာတွင် ဝမ်ယိက တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ညီလာခံ ကျင်းပပြီးနောက် ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်သည် ဗီယက်နမ် ခရီးစဉ်ပင်ဖြစ်ကြောင်း၊ ယင်းသည် တရုတ်ပြည်ဘက်၏ တရုတ်-ဗီယက်နမ် ဆက်ဆံမှုအပေါ် အလေးထားမှုနှင့် တရုတ်ပြည်၏ နိုင်ငံခြားရေးနယ်ပယ်တွင် ဗီယက်နမ်၏ အရေးကြီးမှုကို ပြသကြောင်း ပြောကြားသည်။

        ထရန်ဒိုင်ကွမ်က ဗီယက်နမ်ပြည်ဘက်သည် ဗီယက်နမ်-တရုတ် ချစ်ကြည်ရေးအစဉ်အလာကို အလွန်အလေးထားပြီး တရုတ်ပြည်ဘက်နှင့်အတူ နှစ်နိုင်ငံပါတီခေါင်းဆောင်များ၏ သဘောတူညီမှုများကို တိတိကျကျ အကောင်အထည် ဖော်ဆောင်ရေး၊ နိုင်ငံကို စီမံအုပ်ချုပ်မှု အတွေ့အကြုံများ ဖလှယ်ရေး၊ Belt and Road အဆိုပြုချက်နှင့် "စီးပွားရေး စင်္ကြန် ၂ ခု၊ ဇုန် ၁ ခု" ဆက်နွယ်ရေးနှင့် စီးပွားကုန်သွယ်မှု ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ရန်လိုကြောင်း ပြောကြားသည်။

   Webradio