• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရွှန်အန်၏ လမ်းကြောင်း၊ တရုတ်နှင့် ကမ္ဘာကြီး၏ ဖွံ့ဖြိုးရေး အလားအလာကို စူးစမ်း ရှာဖွေ

(GMT+08:00) 2018-04-01 15:53:02

လွန်ခဲ့သည့်နှစ် ဧပြီလ ၁ ရက်နေ့တွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီတို့သည် စာတမ်း ထုတ်ပြန်ပြီး ဟိုပေ ပြည်နယ် ရွှန်အန်မြို့ ဇုန်သစ်ကို ထားရှိရန် ဆုံးဖြတ်ခဲ့ပါသည်။ ရွှန်အန်သည် တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်း ခေတ်သစ်သို့ ဝင်ရောက်ခြင်းဆိုင်ရာ အမှတ်အသား လက္ခဏာ တင်လောက်သော မြို့တစ်မြို့ ဖြစ်လာပါသည်။ ယင်းသည် ရဲဘော် ရှီကျင့်ဖိန်အား အမြုတေ အဖြစ် ထားသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ အရေးကြီး သမိုင်းဝင် မဟာဗျူဟာမြောက် ရွေးချယ်မှု တစ်ရပ် ဖြစ်သည်။ ရွှန်အန်ဇုန်သစ်သည် တရုတ်ပြည် ရှင်ကျင့် အထူး စီးပွါးရေး ဖွံ့ဖြိုးရေးဇုန်နှင့် ရှန်ဟိုင်း ဖူတုန်းဇုန်သစ် အပြင် နောက်ထပ် တစ်ခု ပြည်လုံးဆိုင်ရာ အဓိပ္ပါယ်ပါရှိသော ဇုန်သစ်ပင် ဖြစ်ပါသည်။

ယခုအချိန်သည် ရွှန်အန်ဇုန်သစ် တည်ထောင်သည့် ၁ နှစ်ပြည့် ဖြစ်သည်။ လွန်ခဲ့သည့် တစ်နှစ်အတွင်း အင်တယ်လစ်ဂျင်မြို့နှင့် လူ့ကို အရင်းခံအဖြစ် ထားခြင်းကို ဆောင်ပုဒ် အဖြစ် ထားသော ရွှန်အန် မြို့သူမြို့သားများအား ဝန်ဆောင်မှုပေးရေး စင်တာကို တည်ထောင် လာသည်။ သာယာလှပသော တရုတ်ပြည်နှင့် ဘစ်ဂ် ဒိတ်ကို အမြုတေ အဖြစ် ထားသော ထောင်စုနှစ် သစ်တောကို စိုက်ပျိုးနေပြီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်မို ၁ သိန်း ၁ သောင်းကျော် ရှိမည်ဟု သိရပါသည်။ အဆင့်မြင့်နည်းပညာ ကုန်ထုတ်လုပ်မှုနှင့် သတင်းအချက်အလက်များကို ထူးခြားချက်အဖြစ် ထားသော တစ်နှာရီလျှင် ကီလိုမီတာ ၃၅၀ ခုတ်မောင်းနိုင်သော တရုတ်ပြည် စံချိန်စံနှုန်း အမြင့်ဆုံးသော ပီကင်း - ရွှန်အန် မြို့ပတ် ရထားလမ်း လုပ်ငန်းကို စနစ်တကျ တွန်းအားပေး ဆောင်ရွက်နေသည်။ ဆန်းသစ် ဖွံ့ဖြိုးရေးကို ရည်မှန်းချက် အဖြစ် ထားသော ရှေ့ပြေး အဆင့်မြင့် နည်းပညာဆိုင်ရာ လုပ်ငန်း ကုမ္ပဏီများသည်လည်း ရွှန်အန်ဇုန်သစ်တွင် လုပ်ငန်းများ ထူထောင်ထားပါသည်။

ရွှန်အန်၏ ရှင်သန်မှုနှင့် တိုးတက်အောင်မြင်မှုတွင် တရုတ်ပြည် ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့်ရေးကို ဆောင်ရွက်နေသော ခေတ်သစ် တွန်းအားများကို စုစည်းထားပါသည်။

   Webradio