• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ခေတ်သစ် တံခွါးဖွင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွင် ရွှန်အန်အခန်း ဖွင့်လှစ်

(GMT+08:00) 2018-04-01 15:40:05

        ရွှန်အန်မြို့နယ်သစ် တည်ထောင်ခဲ့သည့် ၁ နှစ်ပြည့် အခါသမယတွင် ခေတ်သစ် တရုတ်ပြည် တံခွါးဖွင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း၏ အထူးလက္ခဏာသစ်တစ်ရပ် ဖြစ်လာသည့် ရွှန်အန်မြို့နယ်ကို နိုင်ငံအသီးသီးတို့က အာရုံစိုက်ကြသည်။ လွန်ခဲ့သည့် ၁ နှစ်အတွင်း ဥက္ကဋ္ဌရှီကျင့်ဖိန် ဦးဆောင်သော တရုတ်ကွန်မြူနစ်ပါတီ၏ အလေးထားမှုနှင့် ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ဘက်အသီးသီးတို့သည် ရွှန်အန်မြို့နယ်သစ် တည်ထောင်ခြင်းကို လက်တွဲ ဆောင်ရွက်ကြသည်။ ရွှန်အန်မြို့နယ်သစ်တွင် နှစ် ၁၀၀၀ သစ်တော လုပ်ငန်းကို ဆောင်ရွက်ပြီး တစ်ရက်စီ သစ်ပင် ၁ သိန်း စိုက်ပျိုးခြင်း၊ ရွှန်အန်မြို့နယ်သစ် မြို့သူမြို့သား ဝန်ဆောင်မှုစင်တာ တည်ဆောက်ခြင်း၊ ပီကင်း-ရွှန်အုန် မြန်နှုန်းမြင့် ရထားလမ်း တည်ဆောက်ခြင်း၊ အဆင့်မြင့် သိပ္ပံနည်းပညာ လုပ်ငန်းကုမ္ပဏီများ  ရွှန်အန်မြို့နယ်သစ်၌ အခြေစိုက်ကြခြင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများ အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်ကြခြင်း စသည်တို့ဖြင့် ရွှန်အန်မြို့နယ်သစ်သည် တစ်နေ့ထက်တစ်နေ့ ဖွံ့ဖြိုးတိုးက်လာခြင်းကို တွေ့ရသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio