• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆဋ္ဌမအကြိမ် မဲခေါင်မြစ်ဝှမ်းဒေသငယ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များ အစည်းအဝေးသို့ ဝမ်ယိ တက်ရောက်

(GMT+08:00) 2018-04-01 13:54:42

        မတ်လ ၃၁ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပသော ဆဋ္ဌမအကြိမ် မဲခေါင်မြစ်ဝှမ်းဒေသငယ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ယင်းအစည်းအဝေးတွင် ဝမ်ယိက မိန့်ခွန်းပြောကြားခဲ့ရာ မဲခေါင် မြစ်ဝှမ်း ဒေသငယ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ၂၅ နှစ်ကြာ ဆောင်ရွက်ခဲ့ပြီးနောက် ယင်းဒေသငယ်သည် အာရှတိုက်မှ ဖွံ့ဖြိုးရေး အရှိန်အဟုန် အမြင့်ဆုံးနှင့် ပူးပေါင်းဆောင်ရွက်ရေး ရှေ့အလားအလာ အကောင်းဆုံးသော ဒေသငယ် ဖြစ်နေပြီဖြစ်ကြောင်း၊ မဲခေါင်မြစ်ဝှမ်းဒေသငယ်မှ နိုင်ငံများသည် Belt and Road အဆိုပြုချက် ဆောင်ရွက်ရာတွင် မွေးရာပါ မိတ်ဘက်များဖြစ်ပြီး အကျိုးစီးပွား ရရှိမည့် အဓိကနိုင်ငံများလည်းဖြစ်ကြောင်း၊ မိမိတို့သည် မဲခေါင်းမြစ်ဝှမ်းဒေသငယ် ပူးပေါင်းဆောင်ရွက်မှုနှင့် Belt and Road အဆိုပြုချက် ဆောင်ရွက်မှုကို ဆက်နွှယ်ပြီး လက်တွဲ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio