• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရွှန်အန်မြို့နယ်သစ်စမတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် လန်ဒန်ငွေကြေးမြို့ကူညီလို

(GMT+08:00) 2018-04-01 12:43:30

ဗြိတိန်နိုင်ငံ လန်ဒန်ငွေကြေးမြို့မြို့တော်ဝန် ချားစ် ဘောင်မန် သည် မကြာခင်က ဘေကျင်း၌ သတင်းထောက်နှင့် တွေ့ဆုံရာတွင် လန်ဒန်ငွေကြေးမြို့သည် စမတ်စီတီ တီထွင်ရေးဘက်တွင် အတွေ့အကြုံကြွယ်ဝပြီး ရွှန်အန် မြို့နယ်သစ် စမတ်ဖြစ်အောင်နှင့် စိန်းလမ်းစိုပြေအောင် ကူညီနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟုဆင်ဟွာသတင်းအရသိရသည်။

လန်ဒန်ငွေကြေးမြို့ ၆၉၀ မြောက် မြို့တော်ဝန်အနေနှင့် ချားစ် ဘောင်မန် သည် မကြာခင်က ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဘေကျင်း၊ ရှန်ဟိုင်း၊ ရှိန်ကျင့်၊ ဟောင်ကောင် စသည့်ဒေသသို့ ခရီးလှည့်လည် ခဲ့သည်။

ချားစ် ဘောင်မန်က လန်ဒန်ငွေကြေးမြို့ ဆောက်လုပ်ဘက်အနေနှင့် ကာနာရီ ဝါးဖ် အုပ်စုကုမ္ပဏီသည် ယခုနှစ် ဇန်နဝါရီလတွင် ရွှန်အန်မြို့နယ်သစ် နှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ချုပ်ဆိုပြီး လန်ဒန်ငွေ ကြေးမြို့ တည်ဆောက်ရေးအတွေ့အကြုံများကို တရုတ်မိတ်ဆွေနှင့် မျှဝေခံစားနိုင်ရန် မျှော်လင့်ကြောင်းပြောကြားသည်။

ချားစ် ဘောင်မန်က ရွှန်အန်မြို့နယ်သည် ကမ္ဘာ့ရှေ့တန်းကျ ဒီဂျီဒယ် ငွေရေးကြေးရေးနှင့် အသစ်တီထွင်ဖန်တီးရေးစင်တာ ဖြစ်ဖွယ်ရာရှိကြောင်း ပြောကြားခဲ့သည်။

ချားစ် ဘောင်မန်သည် မတ်လ ၂၆ ရက်နေ့က ဘေကျင်း၌ ဗြိတိန်-တရုတ် မြစိမ်းရောင်ငွေကြေးရေးစင်တာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်ဟုဆင်ဟွာသတင်းအရသိရသည်။

   Webradio