• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် မြန်မာနိုင်ငံဒုသမ္မတဦးဟန်နရီဘန်ထီးယူနှင့်တွေ့ဆုံ

(GMT+08:00) 2018-04-01 10:33:03

 

ယမန်နေ့ မတ်လ ၃၁ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ မြန်မာနိုင်ငံဒုသမ္မတ ဦးဟန်နရီဘန်ထီးယူနှင့် တွေ့ ဆုံခဲ့သည်ဟုစီအာအိုင်သတင်းအရသိရသည်။

ဝမ်ယိက တရုတ်မြန်မာနှစ်နိုင်ငံတို့သည် ဆွေမျိုးပေါက်ဖေါ်ချစ်ကြည်ရေးရှိပြီး နှစ်နိုင်ငံ ခေါင်းဆောင်တို့လည်း ရင်းနှီးသော ဆက်ဆံမှု ထားရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံနှင့်အတူ ကြိုးပမ်းအားထုတ်ပြီး ခေါင်းဆောင်တို့၏ သဘောတူညီချက်ကို လက်တွေ့ကျကျ ဆောင်ရွက်ကာ နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုကို တဆင့်တိုး အားသစ်လောင်းပေး၍ Belt & Road ဘောင်အတွင်း တရုတ်-မြန်မာစီးပွားရေးစင်္ကြန် အပါအဝင် အရေးကြီးလုပ်ငန်းတည်ဆောက်မှုကို တွန်းအားပေးပြီး နှစ်နိုင်ငံ ရှိရင်းစွဲ ဆွေမျိုး ပေါက်ဖေါ်ချစ်ကြည်ရေးကို အခြေအနေသစ်တွင် ထွန်းကားစေလိုကြောင်း၊ တရုတ်နိုင်ငံ သည် မြန်မာအစိုးရ၏ တည်ငြိမ်မှုထိန်းသိမ်းကာကွယ်ရေး၊ စီးပွားရေးရှင်သန်စေရေး၊ ပြည်သူနေထိုင်ဘဝ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ချက်များကို အားပေးထောက်ခံပြီး ယင်းအတွက် ကူညီမှုများ အတတ်နိုင်ဆုံး ဆက်လက်ပံ့ပိုးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းပြဿနာကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ပြီး တရုတ်မြန်မာ နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

ဦးဟန်နရီဘန်ထီးယူသည် တရုတ်နိုင်ငံ၏ ပြည်လုံးဆိုင်ရာ ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်နှင့် ပြည်သူ့ကွန်ဂရက် အစည်းအဝေးနှစ်ခု အောင်မြင်စွာ ကျင်းပခြင်းအပေါ် ထော ပနာပြုပြီး တရုတ်အစိုးရ၏ မြန်မာတရုတ်ဆက်ဆံရေးအပေါ် အလေးထားမှုကို ကျေးဇူးတင်ရှိကာ မြန်မာနိုင်ငံအနေနှင့် မြန်မာတရုတ် ဆွေးမျိုးပေါက်ဖေါ်ချစ်ကြည်ရေးကို ထွန်းကား လိုပြီး နှစ်နိုင်ငံချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို တဆင့်တိုးအားသစ်လောင်းပေးကာ Belt & Road တည်ဆောက်မှုတွင် ဆက်လက် တက်ကြွစွာ ပါဝင်မည်ဖြစ်ကြောင်း၊မြန်မာ နိုင်ငံအနေနှင့် တရုတ်နိုင်ငံ၏ မြန်မာပြည်တွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်း အပေါ် ထောက်ခံမှုကို ကျေးဇူးတင်ရှိပြီး နယ်စပ်ဒေသငြိမ်းချမ်းတည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံနှင့်အတူ ထိန်းသိမ်းကာကွယ်လိုကြောင်းပြောကြားသည်။

ဦးဟန်နရီဘန်ထီးယူသည် ရခိုင်အရေး၏ နောက်ဆုံးဖွံ့ဖြိုးတိုးတက်မှုကို မိတ်ဆက်ခဲ့ သည်။ဝမ်ယိက ရခိုင်အရေးကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်စွာ ညှိနှိုင်းဆွေး နွေးခြင်းဖြင့် ဖြေရှင်းသင့်သည်ဟု တရုတ်ဘက်က ယူဆမြဲ ယူဆနေကြောင်း၊ နိုင်ငံတကာ မိသားကြီးအနေနှင့် ယင်းအတွက် လိုအပ်သော အခြေအနေကို ဖန်တီးပေးပြီး အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သင့်ကြောင်းပြောကြားသည်။

 

   Webradio