• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ခြင်းသည် ခရီးဆုံး မရှိသော အပြန်ခရီး မပါသော ခရီးလက်မှတ်ပင် ဖြစ်သည်ဟု ဝမ်ယိ ဆို

(GMT+08:00) 2018-03-31 15:18:41
တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၃၁ ရက်နေ့က ဗီယက်နမ် နိုင်ငံ ဟနွိုင်မြို့၌ ကျင်းပသော မဟာ မဲခေါင်မြစ် ဒေသငယ် နိုင်ငံများ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု ဆဌမ အကြိမ် ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက် ခဲ့ပါသည်။
အစည်းအဝေးတွင် ဝမ်ယိက၊ တရုတ်နိုင်ငံသည် တံခါးဖွင့်ထားသော ကမ္ဘာ့စီးပွါးရေး ထူထောင်ရန် တစ်လျှောက်လုံး တိုက်တွန်းပါကြောင်း၊ တံခါးဖွင့်ရေးတွင် အပြန်အလှန် အကျိုးရှိစေရေး ဖေါ်ဆောင်ရန်ကို စွဲကိုင်ပါကြောင်း၊ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေးကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ခြင်းသည် ခရီးဆုံးမရှိသော အပြန်ခရီး မပါသော ခရီးလက်မှတ်ပင် ဖြစ်ကြောင်း၊ တန်းတူရည်တူ တိုင်ပင်ဆွေးနွေးခြင်းနှင့် နိုင်ငံတကာ စည်းမျဉ်းများအရ အငြင်းပွါးမှုများကို ကိုင်တွယ် ဖြေရှင်းရန်မှ မှန်ကန်သော လမ်းကြောင်းပင် ဖြစ်ကြောင်း ပြောကြားပါသည်။
   Webradio