• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါးကာကွယ်ခြင်းသည် မိမိကိုယ်တိုင် တရုတ်ပြည်သို့ ပေါက်ရောက်သော တံခါးကို ပိတ်ပစ်သည့်လုပ်ရပ် ဖြစ်သည်ဟု ဝမ်ယိ ဆို

(GMT+08:00) 2018-03-31 09:52:36

တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၃၀ ရက်နေ့က ဗီယက်နမ် နိုင်ငံ ဟနွိုင်မြို့၌ ကျင်းပသော မဟာမဲခေါင်မြစ် ဒေသငယ် နိုင်ငံများ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုနှင့် စက်မှု၊ ကုန်သွယ်မှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

ဝမ်ယိက၊ ယခုနှစ်သည် တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်း ဆောင်ရွက်သည့် နှစ် ၄၀ ပြည့် ဖြစ်ပြီး တရုတ်ပြည်၏ ဖွံ့ဖြိုးရေး အောင်ကျိုးရလဒ်များ ရရှိခြင်းသည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးနှင့် ခွဲမရကြောင်း၊ မိမိတို့သည် တံခါးဖွင့်ရေး တိုးချဲ့ ဆောင်ရွက်မည် ဖြစ်ပြီး နိုင်ငံခြား လုပ်ငန်းရှင်များအတွက် ပိုမို ကောင်းမွန်ပြီး ပိုမို ချောင်လည်သော ရင်းနှီးမြှုပ်နှံရေး ပတ်ဝန်းကျင်ကို ဖန်တီးပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝမ်ယိက၊ တံခါးဖွင့်ရေးသည် အပြန်အလှန် ဖြစ်သင့်ကြောင်း၊ တစ်ဖက်သတ် ဝါဒ ပြုလုပ်ခြင်းနှင့် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ခြင်း မှန်သမျှမှာ ထွက်လမ်း မရှိသည့်အပြင် ဆိုးကျိုးသာ ခံရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးတို့နှင့် ဖွံ့ဖြိုးရေး အခွင့်အလမ်းများကို မျှဝေ ခံစား လိုကြောင်း၊ သို့သော် ကုန်သွယ်မှု ကိုယ်ကျိုး စီးပွါးကာကွယ်ခြင်းသည် မိမိကိုယ်တိုင် တရုတ်ပြည်သို့ ပေါက်ရောက်သော တံခါးကို ပိတ်ပစ်သည့်လုပ်ရပ် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio