• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီသည် တောင်ကိုးရီးယား သမ္မတနှင့် တွေ့ဆုံ

(GMT+08:00) 2018-03-31 09:05:31

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အထူး ကိုယ်စားလှယ် ဖြစ်သူ၊ တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ ဗဟို နိုင်ငံခြားရေးလုပ်ငန်း ကော်မတီရုံး ဥက္ကဋ္ဌ ယန်ကျယ်ချီသည် ယခုလ ၃၀ ရက်နေ့က တောင်ကိုးရီးယား နိုင်ငံ ဆိုးလ်မြို့၌ တောင်ကိုးရီးယား သမ္မတ မူဂျေအင်နှင့် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ယန်ကျယ်ချီက၊ မိမိ ယခုအကြိမ် ခရီးစဉ်၏ ရည်မှန်းချက်မှာ နှစ် နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ သဘောတူညီမှုများ အကောင်အထည်ဖေါ်ဆောင်ရေးကို တွန်းအားပေးရန်နှင့် နှစ်နိုင်ငံ ဆက်ဆံမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအား ပေးရန်တို့ ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio