• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် ထိုင်း ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2018-03-31 08:52:12

တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၃၀ ရက်နေ့က ဗီယက်နမ် နိုင်ငံ ဟနွိုင်မြို့၌ ကျင်းပသော မဟာမဲခေါင်မြစ် ဒေသငယ် နိုင်ငံများ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုနှင့် စက်မှု၊ ကုန်သွယ်မှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက် ခဲ့စဉ်အတွင်း ထိုင်း ဝန်ကြီးချုပ် ဘရာယွတ်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ယိက၊ တရုတ်အစိုးရအဖွဲ့သစ် အနေနှင့် တရုတ်-ထိုင်း ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု၏ အခန်းကဏ္ဍသစ်ကို ဖွင့်လစ်လိုပါကြောင်း၊ လာမည့်နှစ်တွင် ထိုင်းနိုင်ငံသည် အာဆီယံ အလှည့်ကျ သဘာပတိ နိုင်ငံ တာဝန်ကို ထမ်းဆောင်မည် ဖြစ်ပြီး တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ လုပ်ငန်းကို အစွမ်းကုန် ထောက်ခံမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio