• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ ခုနှစ် တတိယအကြိမ် တရုတ်လေဆိပ်ဝန်ဆောင်မှုအစည်းအဝေးကို ပီကင်းတွင် ကျင်းပ

(GMT+08:00) 2018-03-30 14:26:42

၂၀၁၈ ခုနှစ် တတိယအကြိမ် တရုတ်လေဆိပ် ဝန်ဆောင်မှုအစည်းအဝေးကို ယခုလ ၂၉ ရက်နေ့က ပီကင်းတွင်ကျင်းပခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် ၂၀၁၇ ခုနှစ်တွင် မြို့ပြလေဆိပ် ဝန်ဆောင်မှုအရည်အသွေး သုံးသပ်ချက်အစီရင်ခံစာနှင့်သုံးသပ်ချက် ရလဒ် ကို တရားဝင်ထုတ်ပြန်ကြေညာ ခဲ့ကြောင်း၊ လန်ကျိုးကျွန်းချွမ်း၊ ရင်ချွမ်းဟေ တုန်းစသည့် လေဆိပ် ၇ ခုတို့သည် ၂၀၁၇ ခုနှစ် တရုတ်မြို့ပြ လေဆိပ် ဝန်ဆောင်မှု အရည်အသွေး သုံးသပ်ချက်ဆု ရရှိသော လေဆိပ်ဖြစ်ကြောင်း၊ ယခုအကြိမ် အစည်းအဝေး တွင် ပထမဆုံးအကြိမ်တရုတ်လေဆိပ်နှင့် လေကြောင်းကုမ္ပဏီ စားပွဲဝိုင်း ဆွေးနွေးပွဲကို စီစဉ်ထားပြီး လေကြောင်းနယ်ပယ်ပူးတွဲ ဖွံ့ဖြိုးရေး၊ ခရီးသည်များ၏ ကျေနပ်မှု ကို တိုးမြှင့်ရေးစသည့် သက်ဆိုင်ရာအကြောင်းကိစ္စများ ကို သီးသန့်ဆွေးနွေး ခဲ့ကြကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

   Webradio