• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးသည်၊ ရုရှားသို့ ခရီးလှည့်လည်မည်

(GMT+08:00) 2018-03-30 12:58:04

      ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မှူးကြီး Shoyguနှင့် ဘီလာရုစ် နိုင်ငံတော် ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး Lavkov တို့၏ ဖိတ်ကြားချက်အရ၊ တရုတ် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေ့ဖုန့်ဟို သည်၊ လာမည့် ဧပြီလ ၁ ရက်နေ့မှ ၈ ရက်နေ့တွင် ရုရှားနိုင်ငံတွင် ကျင်းပမည့် ၇ ကြိမ်မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး၊ ရုရှား နှင့် ဘီလာရုစ်နိုင်ငံများသို့ ခရီးလှည့်လည်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ယိန့်ကိုချန်က ယခုလ ၂၉ ရက်နေ့တွင် ပီကင်း၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု စီအာအိုင်ကဖော်ပြသည်။

   Webradio