• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီသည်၊ တောင်ကိုးရီးယား နိုင်ငံတော်လုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှု အကြံပေးအရာရှိ Chung Eui-yong နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-03-30 12:57:26

      တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်၊ ဗဟိုကော်မတီ နိုင်ငံခြားရေးလုပ်ငန်းကော်မရှင် ရုံး ဥက္ကဋ္ဌ ယန်ကျယ်ချီသည်၊ ယခုလ ၂၉ ရက်နေ့က တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော် ၌ တောင်ကိုးရီးယား နိုင်ငံတော် လုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှု အကြံပေးအရာရှိ Chung Eui-yong နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စီအာအိုင်ကဖော်ပြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာ၌၊ ယန်ကျယ်ချီက တရုတ်နှင့် တောင်ကိုးရီးယားတို့သည်၊ ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး၊ ယခုနှစ်များအတွင်း နှစ်နိုင်ငံဆက်ဆံမှုသည် ကောင်းမွန်ပြီး ဖွံ့ဖြိုးလာနေကြောင်း၊ ယခုနှစ်သည်၊ တရုတ်-တောင်ကိုးရီးယား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှုတည်ထောင်ခဲ့သည့် ၁၀ နှစ် မြောက်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

Chung Eui-yong က ယမန်နှစ် ဒီဇင်ဘာလက သမ္မတ မွန်ဂျယ်အင်း က တရုတ်ပြည် သို့ တရားဝင်ခရီးလှည့်လည်ခဲ့ပြီးနောက်၊ နှစ်နိုင်ငံဆက်ဆံမှု အရှိန်အဟုန်ဖြင့် တိုးတက် လာခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio