• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

OBORကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုဖိုရမ် ဧပြီလတွင် ကျင်းပမည်

(GMT+08:00) 2018-03-30 12:40:13

တရုတ် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုတိုးမြှင့်ရေးကောင်စီက မတ်လ ၂၉ရက်နေ့က သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ရာတွင် The Belt and Road ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ဧပြီလ ၁၂ရက်နေ့၌ ပီကင်းမြို့တွင် ကျင်းပမည်ဖြစ် ကြောင်း၊ ယခုအကြိမ်ဖိုရမ်သို့ နိုင်ငံနှင့်ဒေသ ၇၀မှ ပြည်တွင်းပြည်ပ ကိုယ်စားလှယ်၆၀၀ ကျော်တို့ တက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်ဟု၊ တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ယခုအကြိမ်ဖိုရမ်ကို တရုတ် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုတိုးမြှင့်ရေး ကောင်စီ၊ တရုတ် အပြည်ပြည်ဆိုင်ရာ ကုန်သည်များအသင်း နှင့် ကမ္ဘာ့ကုန်သည်များ အဖွဲ့တို့ ပူးတွဲကျင်းပမည်ဖြစ်ပြီး ယခုအကြိမ် ကျင်းပသောဖိုရမ်တွင် "ကိန်းဝပ်စွမ်းအားကို လွှတ်၍ အနာဂတ်ကို အတူ မျှဝေခြင်း"ဟူသော ဆောင်ပုဒ်အဖြစ်ထားကြောင်း သတင်းရရှိပါသည်။

   Webradio