• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်နှင့်တရုတ်တို့သည် စေ့စပ်ဆွေးနွေးပွဲဖြင့် တရုတ်သွင်းကုန်အပေါ် အခွန်တိုးမြှင့်ရန်ကို ရှောင်ရှားနိုင်ဖွယ်ရှားရှိသည်ဟု အမေရိကန်ကုန် သွယ်ရေးကိုယ်စားလှယ်ဆို

(GMT+08:00) 2018-03-29 15:20:09

အမေရိကန်ကုန်သွယ်မှုရေးရာကိုယ်စားလှယ် လိုက်ဆီဇေက ယခုလ ၂၈ရက်နေ့က အမေရိကန်စားသုံးသူသတင်းနှင့်ကုန်သွယ်မှုချယ်နယ်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် အမေရိကန်အစိုးရသည် တရုတ်သွင်းကုန်ဆိုင်ရာ အကောက်ခွန်စာရင်းဇယားကို မကြာမီတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ထို့နောက်ရက်၆၀အတွင်း သွင်းကုန် အခွန်တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ပြည်သူ့ဆန္ဒခံယူမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

လိုက်ဆီဇေက အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံနှင့်စေ့စပ်ဆွေးနွေးခြင်းဖြင့်  တရုတ်သွင်းကုန်အပေါ် အခွန်တိုးမြှင့်ရန်ကို ရှောင်ရှားနိုင်ဖွယ်ရာရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio