• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကင်ဂျုံအန်၏ တရုတ်ခရီးစဉ်အပေါ် တောင်ကိုးရီးယားချီးကျူး

(GMT+08:00) 2018-03-29 15:19:20

 တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ဖိတ်ကြားချက်အရ မြောက်ကိုးရီးယား လုပ်သားပါတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ရေးရာ ကော်မတီ ဥက္ကဋ္ဌ ကင်ဂျုံအန်သည် မတ်လ ၂၅ရက်နေ့မှ ၂၈ရက်နေ့ အထိ တရုတ်ပြည်တွင် အလွတ်သဘောခရီးလှည့်လည်ခဲ့ကြောင်း၊ ယခုအကြိမ်ကင်ဂျုံအန်၏ တရုတ်ခရီးစဉ်အပေါ် တောင်ကိုးရီးယားနိုင်ငံမှ အစိုးရ၊ မီဒီယာနှင့် ပညာရှင်းအပါအဝင် အလွှာပေါင်းစုံသည် အာစူးရုံစိုက်ပြီး တရုတ်-မြောက်ကိုးရီးယား ဆက်ဆံမှုတိုးတက်ခြင်းသည် ကိုးရီးယားကျွန်းဆွယ်ပြဿနာကို ဖြေရှင်းရန်အတွက် အကျိုးရှိမည်ဟုကြောင်း တညီတညွတ်တည်း ယူဆကြကြောင်း စီအာအိုင်သတင်းအရသိရပါသည်။

တောင်ကိုးရီးယားအစိုးရသည် ယခုလ၂၈ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌါနပြောရေး ဆိုခွင့်ရှိသူမှတဆင့် မြောက်ကိုးရီးယားနိုင်ငံတော်ရေးရာ ကော်မတီ ဥက္ကဋ္ဌ ကင်ဂျုံအန်၏ တရုတ်ခရီးစဉ်အပေါ် ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။

   Webradio