• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်အနေနှင့် လက်တွေ့ဆောင်ရွက်မှုများဖြင့် အာရှနိုင်ငံများနှင့် နိုင်ငံတကာမိသားစုကြီး စိတ်ချယုံကြည်အောင် ဆောင်ရွက်နိုင်ရန် တရုတ်မျှော်လင့်

(GMT+08:00) 2018-03-29 11:09:03

        တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခမ်းက ဂျပန်အနေနှင့် မိမိ၏ ဆောင်ရွက်မှုများဖြင့် အာရှ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံတကာမိသားစုကြီး စိတ်ချယုံကြည်ရအောင် ဆောင်ရွက်နိုင်ရန် တရုတ်ပြည်ဘက်က မျှော်လင့်ကြောင်း ယခုလ ၂၈ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        မကြာခင်ရက်များက ဂျပန် လစ်ဘရွယ် ဒီမိုကရက်တစ် ပါတီသည် ပါတီညီလာခံ ကျင်းပပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရေးမူကြမ်းချမှတ်ခဲ့ရာ ကာကွယ်ရေးတပ်ဖွဲ့ဆိုင်ရာ အကြောင်းအရာများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၉) ထဲတွင် ထည့်သွင်းရန် နှင့် ၂၀၁၈ခုနှစ်အတွင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရန် ရည်မှန်းထားကြောင်း သတင်းအရ သိရပါသည်။

   Webradio