• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လိကျန့်ရှူးသည်၊ အမေရိကန် အထက်လွှတ်တော်အမတ်နှင့် တွေဆုံ

(GMT+08:00) 2018-03-29 11:05:34

      တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ လိကျန့်ရှူး သည်၊ ယခုလ ၂၈ ရက်နေ့က ပီကင်းပြည်သူ့ခန်းမဆောင်ကြီးတွင် အမေရိကန် အထက်လွှတ်တော် အမတ် Steve Daines ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌၊ လိကျန့်ရှူးက တရုတ်-အမေရိကန်ဆက်ဆံမှုသည်၊ နှစ်နိုင်ငံ တို့အတွက်ရော၊ နိုင်ငံတကာမိသားစုကြီးအတွက်ပါ အရေးကြီးသော အဓိပ္ပါယ်ရှိကြောင်း၊ နှစ်ဖက်တို့အနေနှင့်၊ မဟာဗျူဟာနှင့် ဘက်ပေါင်းစုံ အခြေအနေရှုထောင့်မှ တရုတ်- အမေရိကန်ဆက်ဆံမှုကို ရှုမြင်သုံးသပ်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ တရုတ်-အမေရိကန် ဆက်ဆံမှု အစမှအဆုံး မှန်ကန်သော လမ်းကြောင်းအတိုင်း ရှေ့သို့ ချီတက်စေရန် မျှော်လင့်ကြောင်းပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio