• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံမဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှုထားရှိသည့် ၁၅ နှစ်ပြည့် နိုင်ငံတကာနှီးနှောဖလှယ်ပွဲကို နန်နင်း၌ ကျင်းပ

(GMT+08:00) 2018-03-29 10:13:10

တရုတ်-အာဆီယံ မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုထားရှိခဲ့ သည့် ၁၅ နှစ်ပြည့် နိုင်ငံတကာနှီးနှောဖလှယ်ပွဲကို ယမန်နေ့ ၂၈ ရက်နေ့က နန်နင်းမြို့၌ ကျင်းပခဲ့ရာ တရုတ်နှင့်အာဆီယံနိုင်ငံအသီးသီးမှ အရာရှိများ၊ ပညာရှင်များ၊ ကုန်သွယ်ရေးအသင်းမှ ကိုယ်စားလှယ်များ ၂၀၀ နီးပါး တက်ရောက်ခဲ့ကြသည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရသည်။

အစည်းအဝေးသို့ တက်ရောက်ကြသော ပညာရှင်များသည် တရုတ်-အာဆီယံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးထားရှိသည့် ၁၅ နှစ်ပြည့် အတွေ့အကြုံ၊ စီးပွားကုန်သွယ် ရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေသစ်ကို ဖန်တီးခြင်း၊ ပူးပေါင်းဆောင်ရွက်မှုသစ် အခွင့်အလမ်းသစ်ကို ကိုင်တွယ်ထားခြင်း စသည့်အကြောင်းအရာနှင့်ပတ်သက်၍ နက်ရှိုင်းစွာ ကူးလူးဖလှယ်ခဲ့ကြသည်ဟုသိရသည်။

   Webradio