• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆင်ဟွာသတင်းဌာနသည် တရုတ်-မြောက်ကိုးရီးယား ဆက်ဆံမှုဆိုင်ရာ ဆောင်းပါး ထုတ်ပြန်

(GMT+08:00) 2018-03-29 09:16:05

တရုတ် ဆင်ဟွာ သတင်းဌာနသည် ယခုလ ၂၈ ရက်နေ့က နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ရေစီးကြောင်းနှင့် တရုတ်-မြောက်ကိုးရီးယား ဆက်ဆံမှု အခြေအနေ တစ်ခုလုံးကို ထိထိမိမိ ကိုင်တွယ်ထားရခြင်း ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ်ကို ထုတ်ပြန် ခဲ့ပါသည်။

ယင်းဆောင်းပါးတွင်၊ မြောက်ကိုးရီးယား လုပ်သားပါတီ ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ရေးရာ ကော်မတီ ဥက္ကဋ္ဌ ကင်ဂျုံအန်သည် ယခုလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ တရုတ်ပြည်၌ အလွတ်သဘော ခရီးလှည့်လည်ခဲ့ကြောင်း၊ ယခုအကြိမ် ခရီးစဉ်သည် အခွင့်အခါ ထူးခြားပြီး အရေးကြီးကာ တရုတ်-မြောက်ကိုးရီးယား ကူးလူးဆက်ဆံမှု၊ ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် အကျိုးရှိမည် ဖြစ်ကြောင်း၊ ခေတ်သစ်တွင် နှစ်ပါတီနှင့် နှစ်နိုင်ငံ ဆက်ဆံမှုကို အဆင့်သစ်ကို တွန်းအားပေးပြီး၊ ကိုးရီးယားကျွန်းဆွယ် တင်းမာသော အခြေအနေ ပေါ့ပါးစေရေးနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အပြုသဘောဆောင်သော အကျိုး သက်ရောက်မှု ဖြစ်စေလာကြောင်း ရေးသားဖေါ်ပြထားပါသည်။

   Webradio